K pop

■ BLACKPINK အဖွဲ့ဝင်တွေနှစ်သက်တာ Cute Guy လား Sexy Guy လား

—- BLACKPINK အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ရိုးသားတွေအဖြေတွေကို ပြောပြခဲ့…

BLACKPINK အဖွဲ့ဟာ Arirang‘s radio show Super K-Pop အစီအစဉ်မှာ ပါဝင်တုန်းက မေးခွန်း နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခဲ့ရပြီး သူတို့ရဲ့ရိုးသားတဲ့အဖြေတွေကို ပြောပြခဲ့ပါတယ်။

မေးခွန်းတွေအားလုံးထဲမှာမှ BLACKPINK အဖွဲ့ဟာ ဖိနပ်နဲ့ အဝတ်အစားဝယ်တဲ့အခါ ဘယ်ဟာက အခက်ဆုံးလဲလို့ မေးမြန်းခံခဲ့ရပါတယ်။ အဲဒီမှာ Jennie ကလွဲပြီး ကျန်အဖွဲ့ဝင် (၃)ဦးက ဖိနပ်ကို ရွေး ချယ်ခဲ့ကြပါတယ်။ Jennie က သူမအနေနဲ့ အဝတ်အစားကို ဘာကြောင့်ရွေးခဲ့သလဲဆိုတာကို ရှင်းပြခဲ့ ပါတယ်။

“ အဝတ်အစားဝယ်တဲ့အခါ ရွေးစရာတွေများလို့ဖြစ်ပါတယ်။ အပေါ်အကျီၤ၊ ဘောင်းဘီ၊ စကပ် စတဲ့ ဒီလိုမျိုးတွေ ရွေးရလို့ပါ” – Jennie

နောက်မေးခွန်းတစ်ခုကတော့ Cute Guy နဲ့ Sexy Guy ဘယ်ဟာကို ပိုနှစ်သက်သလဲဆိုတာပဲဖြစ်ပါ တယ်။ အဲဒီအခါမှာလည်း Jennie က သူမရဲ့ရွေးချယ်မှုနဲ့ တစ်ယောက်တည်းဖြစ်ခဲ့ပြန်ပါတယ်။ အား လုံးက Jennie အနေနဲ့ Cute Guy ရွေးမယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ Jennie က “ ကျွန်မအနေနဲ့ ကတော့ Cute နဲ့ Sexy ကို ရွေးရမယ်ဆိုရင် ကျွန်မ ခံစားရတာက အလယ်မှာပဲ ရပ်နေမှာပါ” လို့ ပြောခဲ့ပါတယ်။

Funny Guy နဲ့ Handsome Guy ဘယ် Type ကို ရွေးချင်သလဲဆိုတော့ BLACKPINK က Funny Guy Type ကိုရွေးချယ်ခဲ့ကြပါတယ်။ BLACKPINK အဖွဲ့ဝင်တွေအတွက် Visual ထက် Personality က ပိုအရေးကြီးတာဖြစ်ပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page