K pop

■ BTS ရဲ့ တန်ဖိုးထားတတ်မှုနဲ့ ရောင့်ရဲတင်းတိမ်နိုင်မှုကို ARMY တွေချီးကျူး

— လွန်ခဲ့တဲ့ ၇ နှစ်က အသုံးပြုခဲ့တဲ့ ပစ္စည်းကို အခုအချိန်အထိ BTS အဖွဲ့ဝင်တွေ အသုံးပြုနေ…

ARMY တွေဟာ BTS’ show ‘Run BTS!’ အပိုင်းအသစ်တစ်ခုကိုကြည့်ပြီး BTS အဖွဲ့ဝင်တွေရဲ့ တန်ဖိုးထားတတ်မှုနဲ့ ကျေနပ်ရောင့်ရဲတင်းတိမ်နိုင်မှုတို့ကို ချီးကျူးခဲ့ကြပါတယ်။

BTS’ show ‘Run BTS!’ အပိုင်းအသစ်အသစ်မှာ BTS အဖွဲ့ဝင်တွေအားလုံးဟာ မီးဖိုးချောင်းမှာ အရသရှိတဲ့ အချက်အပြုတ်တွေကို ပြုလုပ်နေကြတာဖြစ်ပါတယ်။ အဆိုပါ BTS ရဲ့ ချက်ပြုတ်မှုကို ကြည့်နေကြတဲ့ ARMY တွေဟာ အဝါရောင်နဲ့ အဖြူရောင် ထမင်းပေါင်းအိုးတစ်လုံးကို တွေ့ရှိသတိ ထားမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ထမင်းပေါင်းအိုးဟာ လွန်ခဲ့တဲ့ (၇)နှစ်က BTS အဖွဲ့ဝင်တွေ အောင်မြင်မှုလည်းမရသေး ပိုက် ဆံလည်းမရှိသေးတဲ့အချိန်တုန်းက အသုံးပြုခဲ့တဲ့ ပေါင်းအိုးဖြစ်ပါတယ်။ (၇)နှစ်သာကျော်သွားခဲ့ပေ မယ့် လက်ရှိအချိန်အထိ အသုံးပြုနေဆဲဖြစ်တဲ့ ထမင်းပေါင်းအိုးကို တွေ့မြင်ပြီး BTS အဖွဲ့ရဲ့ တန်ဖိုး ထားတတ်မှုနဲ့ အောက်ခြေမမေ့နိုင်မှုတို့ကို ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ BTS အဖွဲ့ဝင်တွေအားလုံးဟာ မီလျံနာသူဌေးလေးတွေဖြစ်နေကြတာ အားလုံးသိပါ တယ်။ ဒါပေမဲ့လည်း အခုထိ ထမင်းပေါင်းအိုးတစ်လုံးတည်းကိုပဲ အသုံးပြုနေတဲ့ BTS အဖွဲ့အတွက် ARMY တွေက Respect ပေးခဲ့ကြတာပါ။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page