K pop

■ လေယာဉ်ပေါ်မှာ အရှက်ရစရာတစ်ခုဖြစ်ခဲ့ဖူးတဲ့ Sana

—- သနားစရာ Sana လေးမှာ ရှက်လွန်းလို့ လေယာဉ်ပေါ်က ပြေးဆင်းစိတ်တောင် ပေါက်ပါတယ် တဲ့…

K-pop Idol တွေဟာ လူသားတွေဖြစ်တာကြောင့် တစ်ခါတစ်လေ အလွဲလွဲအချောချောတွေနဲ့ အရှက် ရစရာအခိုက်အတန့်တွေရှိတတ်ပါတယ်။ TWICE အဖွဲ့ရဲ့ နတ်သမီးလေးတစ်ဦးဖြစ်တဲ့ Sana ဟာ ဒီ လိုအရှက်ရစရာ အခိုက်အတန့်တစ်ခုရှိခဲ့ဖူးပြီး လေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

Sana တစ်ယောက်တည်း ရှက်ခဲ့တာမဟုတ်ဘဲ ဘေးနားမှာထိုင်နေတဲ့ Jeongyeon လည်း ရှက်ခဲ့ရ တယ်လို့ သိရပါတယ်။ TWICE အဖွဲ့ဟာ MBC‘s Starry Night Radio အစီအစဉ်မှာ ပါဝင်တုန်းက အဲဒီအဖြစ်အပျက်ကို ဖွင့်ဟခဲ့ကြတာပါ။

ဖြစ်ပျက်ပုံက Sana နဲ့ Jeongyeon တို့ဟာ လေယာဉ်စီးရင်းနဲ့ ထိတ်လန့်ကြောက်ဖွယ်ရာကောင်းတဲ့ ဇာတ်ကားကို ကြည့်နေကြတာဖြစ်ပါတယ်။ ဇာတ်ကားကြည့်နေတဲ့အချိန်မှာ Sana ဟာ ကြောက်လန့် ခဲ့လို့ ပတ်ဝန်းကျင်ကိုတောင် သတိမထားနိုင်ခဲ့ဘဲ ထအော်မိခဲ့ပါတယ်။ ဖြစ်ချင်တော့ လေယာဉ်ပေါ်မှာ အားလုံးတိတ်ဆိတ်နေကြတာဖြစ်ပါတယ်။

Sana ရဲ့ ရုတ်တရက်ထအော်ခဲ့တာကြောင့် ဘေးနားက Jeongyeon တောင်ကြောင်သွားခဲ့သလို ရှက် နေခဲ့ရတာဖြစ်ပါတယ်။ Sana ကလည်း သူမဟာ အလွန်ရှက်လွန်းလို့ လေယာဉ်ပေါ်ကနေ ဆင်းပြေး ချင်စိတ်တောင်ပေါက်မိပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page