Celebrity

■ တန်ဖိုးအကြီးဆုံးဇိမ်ခံကားများနဲ့ အမျိုးသမီး Cele များ

—- တန်ဖိုးအကြီးဆုံး ဇိမ်ခံကားတွေပိုင်ဆိုင်ထားတဲ့ အမျိုးသမီး Cele တွေက ဘယ်သူတွေလို့ ထင်ပါသလဲ….

အောင်မြင်ကျော်ကြားမှုရဲ့နောက်ကွယ်မှာ ဝင်ငွေတွေက လာပြီသားဆိုတာ မပြောလည်းသိပါတယ်။ ဒီအမျိုးသမီး Cele တွေဟာ တန်ဖိုးအကြီးဆုံး ဇိမ်ခံကားတွေကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပြီး ဘယ်သူ တွေလဲဆိုတာကို…

1) Suzy

2013 ခုနှစ်တုန်းက Suzy ဟာ ကြော်ငြာ 14 ခုထက်ကျော်တဲ့ဝင်ငွေတွေကြောင့် ဝမ် 10 သန်း (ကန်ဒေါ်လာ 9သန်း)ဝင်ငွေရရှိခဲ့ပါတယ်။ အဲဒီတုန်းက သူမဟာ “Off the Record, Suzy,” အစီအ စဉ်မှာ Porsche 911 သူမရဲ့ ဇိမ်ခံကားကို ထုတ်ပြခဲ့ပါတယ်။ အဲဒီတုန်းက အဆိုပါကားဈေးနှုန်းဟာ ဝမ် သန်း 140 (ကန်ဒေါ်လာ 127,000) ကနေ ဝမ် သန်း 170 (ကန်ဒေါ်လာ 154,000) ရှိခဲ့ပါတယ်။ လက်ရှိအချိန် Suzy ရဲ့ တဖြည်းဖြည်းအောင်မြင်ကျော်ကြားလာမှုကြောင့် ဝင်ငွေတွေ ဘယ်လောက် ထိရနေမလဲဆိုတာကိုတော့ မခန့်မှန်းနိုင်အောင်ပါပဲ။

2) Girls’ Generation’s YoonA

YoonA ဟာ Idol နဲ့ မင်းသမီးအနေနဲ့ပါ နော်နော် (အတိုင်းထက်အလွန်)ရခဲ့သူပါ။ တောင်ကိုရီးယား နိုင်ငံရဲ့ CF Queen တစ်ဦးလည်းဖြစ်ပါတယ်။ YoonA ဟာ Porsche Cayenne Coupe ကားတစ်စီး ကိုပိုင်ဆိုင်ထားပြီး ဝမ် သန်း 110 (99,000 USD) ကနေ ဝမ်သန်း 180 (163,000 USD) ကြားတန် ဖိုးရှိတယ်လို့ သိရပါတယ်။

3) BOL4’s Ahn Ji Young

K-pop လောကမှာ ထူးခြားတဲ့အသံလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ BOL4 အဖွဲ့ဝင် Ahn Ji Young ဟာ သူမရဲ့ပိုင်ဆိုင်မှုတွေက YouTube Channel မှာ ဖော်ပြလေ့ရှိသူပါ။ သူမဟာ ဝမ် သန်း 90 (81,000 USD) ကနေ ဝမ် 120 (108,000 USD) တန်ဖိုးရှိတဲ့ Range Rover Velar ဇိမ်ခံကားကို ပိုင်ဆိုင်ထား သူဖြစ်ပါတယ်။

4) HyunA

Wonder Girls ၊ 4MINUTE အဖွဲ့ဝင်ကနေ Soloist အဖြစ်နဲ့ အောင်မြင်ကျော်ကြားနေတဲ့ HyunA အတွက် ဇိမ်ခံကားဆိုတာ ဇိမ်ခံပစ္စည်းပဲဖြစ်ပါတယ်။ သူမဟာ Cadillac Escalade ကား ပိုင်ဆိုင်ထား ပြီး Instagram မှာ ပရိသတ်တွေကို ပြောပြခဲ့ဖူးပါတယ်။ တန်ဖိုးက ဝမ် သန်း 120 ကနေ ဝမ် သန်း 130 ကြား (108,000 to 117,000 USD) ရှိတယ်လို့ သိရပါတယ်။

5) Jessica Jung (formerly of Girls’ Generation)

 

Ms. Jung ဟာ ကိုယ်ပိုင် Blanc & Eclare ဖက်ရှင် ကုမ္ပဏီကိုတောင် ပိုင်ဆိုင်ထားသူဖြစ်သလို နယူး ယော့ခ်တိုင်းရဲ့ Best Seller စာရေးဆရာလည်းဖြစ်ပါတယ်။ အရင်က SNSD အဖွဲ့ဝင်၊ အခု Soloist အနေနဲ့ပါ အောင်မြင်နေတဲ့ သူမအတွက် ဇိမ်ခံကားဆိုတာ စာမဖွဲ့လောက်တဲ့အနေအထားပါ။ သူမဟာ ဝမ် သန်း 160 (145,000 USD) ကနေ ဝမ် သန်း 240 (217,000 USD) ကြား တန်ဖိုးရှိတဲ့ ဇိမ်ခံကား Maserati Quattroporte ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

6) T-ARA’s Hyomin

T-ARA အဖွဲ့ဟာ 2018 ခုနှစ် နှစ်စမှာ ပျက်သုဉ်းသွားခဲ့ပေမယ့် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hyomin ဟာ Soloist ၊ မင်းသမီးအဖြစ် ရှေ့ဆက်နေခဲ့ပါတယ်။ 2019 ခုနှစ်မှာ သူမဟာ VT Cosmetics and KODI နဲ့ အလုပ်တွဲလုပ်ပြီး သူမကိုင်ပိုင် MINITT ကို ထူထောင်ခဲ့ပါတယ်။ သူမဟာ Lotus Evora 400 (တန်ဖိုး ဝမ် သန်း 140 (ကန်ဒေါ်လာ 127,000))ရှိတဲ့ ကားကို ပိုင်ဆိုင်သူဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page