K pop

■ BTS မှာ တဂျက်ဂျက်နဲ့ ဖိုက်လေ့ရှိတဲ့ အဖွဲ့ဝင်တွေက ဘယ်သူတွေလဲ ?

— – – အရင်တုန်းက အငြင်းပွားလေ့ရှိတဲ့ နှစ်ယောက်နေရာကို ယူထားသူတွေကတော့ …

Esquire မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ BTS အဖွဲ့ဝင်တွေဟာ အကြောင်းအရာများစွာကို ပြောပြခဲ့ကြပြီး အဲဒီထဲမှာ ခုတလော အဖွဲ့ထဲမှာ တဂျက်ဂျက်ဖိုက်လေ့ရှိသူတွေကို ပြောပြခဲ့ပါတယ်။

Suga ကတော့ သူတို့အဖွဲ့မှာ တဂျက်ဂျက်ရန်ဖြစ်လေ့ရှိတာက Jimin နဲ့ V တို့အတွဲဖြစ်တယ်လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ V က ငြင်းဆန်ခဲ့ပြီး Jimin နဲ့ သူ့အကြား ကတောက်ကဆ မဖြစ်တာ (၃)နှစ်ရှိပြီလို့ ဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ သူက လက်ရှိမှာ တဂျက်ဂျက်နဲ့ ဖိုက်ကြတဲ့အတွဲကတော့ Jin နဲ့ Jungkook တို့ ဖြစ်တယ်လို့ ဆိုခဲ့ပြီး Jimin က သူတို့အကြောင်းကို ပြောပြခဲ့တာပါ။

Jimin က “သူတို့နှစ်ယောက်က စရင်း နောက်ရင်းနဲ့ တစ်ခါတလေ အတည်တွေ ဖြစ်ပြီး ချကြတာပါ”လို့ ပြောပြခဲ့ပါတယ်။

Jungkook နဲ့ Jin တို့ဟာ အဖွဲ့ထဲမှာ အငယ်ဆုံးနဲ့ အကြီးဆုံးဖြစ်ပေမဲ့ တစ်ဦးကို တစ်ဦး စနောက်လေ့ရှိပြီး တစ်ခါတလေ ရန်ဖြစ်သလိုတောင် ဟန်ဆောင်လေ့ရှိပါတယ်။

— ဃဲ
Source: Esquire & Photos Credits.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page