K pop

■ Jisoo လိုချင်တဲ့ Super Power ကလည်း သူနဲ့ ကွက်တိ

— – – Jisoo လိုချင်တဲ့ စူပါပါဝါကို ကြားရင် ဟင် … ဒါကြီးလားဆိုပြီး ရွေးလည်း ရွေးလည်း ရွေးတတ်ပါတယ်ဆိုပြီး ဖြစ်သွားမယ် ထင်တယ် …

BLACKPINK အဖွဲ့ဝင် Jisoo ဟာ အဖွဲ့ထဲမှာ အပျော်တွေပေးသူဖြစ်သလို၊ အတော်လေး နောက်နောက်ပြောင်ပြောင်နဲ့ ပျော်ပျော်ပါးပါး နေတတ်သူဖြစ်လို့ ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိထားသူဖြစ်ပါတယ်။

ပြီးတော့ Jisoo ဟာ ဘာမှလုပ်စရာ မရှိတဲ့အခါ အိပ်ယာပေါ်မှာ လဲနေရတာ၊ အိပ်နေရတာကို အလွန်နှစ်သက်သူဆိုတာကိုလည်း BLINK တွေကတော့ သိပြီးဖြစ်ပါလိမ့်မယ်။

W Korea နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်တာဗျူးသမားက Jisoo ကို တကယ်လို့ စူပါပါဝါသာ ပိုင်ခွင့်ရမယ်ဆိုရင် ဘယ်လိုစူပါပါဝါမျိုးကို ပိုင်ဆိုင်ချင်သလဲလို့ မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Jisoo က “ကျွန်မဘဝကို ပြောင်းလဲနိုင်လောက်တဲ့အထိ သိပ်ကို အစွမ်းထက်ပြီး ကြီးမားတဲ့ စူပါပါဝါမျိုးကို ကျွန်မ မပိုင်ချင်ပါဘူး။ တကယ်လို့ စူပါပါဝါသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ပင်ပန်းတဲ့နေ့မျိုးမှာ အိမ်ရောက်တာနဲ့ အဝတ်လဲပြီးသားဖြစ်နေတာ၊ အိပ်ယာလုပ်ပြီးသား ဖြစ်နေတာမျိုးလောက်ပဲ လိုချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Jisoo ဟာ လက်ရှိမှာ သူမအနေနဲ့ ပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ် ပွဲထွက်ထားတဲ့ Snowdrop ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး ဒီနှစ်အတွင်း ထုတ်လွှင့်ဖို့ ရှိတယ်လို့ သိရပါတယ်။

— ဃဲ
Ref: KPZ & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page