K pop

■ ဖက်ထုပ်အတွက် အငြင်းပွားခဲ့ကြတဲ့ BTS အဖွဲ့ဝင် (၂)ဦး

— – – သူတို့နှစ်ဦးက အရမ်းချစ်ကြပေမဲ့ တစ်ခါတုန်းကတော့ ဖက်ထုပ်နဲ့ပတ်သက်ပြီး …

BTS အဖွဲ့ရဲ့ Maknae Line ဟာ တစ်ဦးနဲ့ တစ်ဦးကို အရမ်းကို ချစ်ကြသူတွေပါ။ အဲဒီထဲမှာ သက်တူရွယ်တူတွေဖြစ်တဲ့ Jimin နဲ့ V တို့က အရမ်းကို ချစ်ကြတဲ့သူငယ်ချင်းတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ခါတုန်းကတော့ သူတို့နှစ်ယောက်ဟာ ဖက်ထုပ်အတွက် ရန်ဖြစ်ဖူးတယ်လို့ Jimin က ဆိုပါတယ်။ Live Broadcast တစ်ခုမှာ အဲဒီအကြောင်းကို Jimin က ဖွင့်ဟခဲ့တာလည်း ဖြစ်ပါတယ်။

“တစ်ခါတုန်း ဖက်ထုပ်နဲ့ ပတ်သက်ပြီး V နဲ့ ကျွန်တော် ရန်ဖြစ်ခဲ့ကြတယ်။ V က ဖက်ထုပ်ကို လေ့ကျင့်ရေးမလုပ်ခင် စားမယ်လို့ ပြောတယ်။ ကျွန်တော်က လေ့ကျင့်ရေးပြီးမှာ ဖက်ထုပ်ကို စားချင်တာ။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ငြင်းရင် အခြေအနေက တော်တော်တင်းမာလာတာပေါ့”လို့ Jimin က ဆိုခဲ့တာပါ။

အဲဒီနောက်မှာတော့ BTS အဖွဲ့ရဲ့ တခြားအဖွဲ့ဝင်တွေက သူတို့နှစ်ယောက်ကို လေ့ကျင့်ရေးခန်းရဲ့ အပြင်ကို ထုတ်ပြီး ပြေလည်အောင် ညှိနှိုင်းဖို့ လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ နာရီပေါင်းအတော်ကြာအောင် ညှိခဲ့ပေမဲ့ ဘယ်လိုအဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

V, SUGA, Jin, J-Hope, RM, Jimin, and Jungkook of BTS

နောက်ဆုံး အဲဒီနေ့ညနေမှာ သောက်ကြတော့မှာပဲ သူတို့ရဲ့နှစ်ဦးရဲ့ ပြဿနာဟာ ပြေလည်ခဲ့ပြီး နှစ်ဦးစလုံး မျက်စောင်းထိုးနေရာကနေ ပြုံးပျော်နိုင်ခဲ့တယ်လို့ Jimin က ပြောပြခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page