K pop

■ Suga ရဲ့ လွှမ်းမိုးမှုကို အကြီးအကျယ်ခံခဲ့ရတဲ့ BTS အဖွဲ့ဝင်

— – – BigHit ကို စရောက်တဲ့နေ့မှာ Suga ကို တွေ့ပြီးကတည်းက သူဟာ Drom မှာ ….

သူငယ်ချင်းတွေ အတူတူနေတဲ့အခါ တစ်ဦးအပေါ် တစ်ဦး လွှမ်းမိုးမှု(ဓလေ့၊ စရိုက်များကို ဆိုလိုသည်) ရှိတတ်ပါတယ်။ အဲဒီထဲမှာ BTS အဖွဲ့ဝင်တွေလည်း အပါအဝင်ပဲပေါ့။

MBC‘s C-Radio Idol True Colors အစီအစဉ်မှာ J-Hope က BigHit ကို စရောက်တဲ့နေ့မှာ Suga နဲ့ စတွေ့ခဲ့တဲ့ တုန်လှုပ်ဖွယ် အတွေ့အကြုံကို အခုလိုပဲ ဝေမျှခဲ့ပါတယ်။ “ကျွန်တော် BigHit Drom ကို စရောက်တဲ့ နေ့မှာ Suga ကို စတွေ့တော့ သူ ဘာမှ မဝတ်ထားပါဘူး။ အတွင်းခံလေး တစ်ထည်ပဲ ဝတ်ထားတယ်”လို့ J-Hope က ဆိုပါတယ်။

J-Hope ရဲ့ ပြောကြားမှုကို Suga က သူ့အနေနဲ့ အဲဒီတုန်းက ရေချိုးဖို့အတွက် ရေချိုးခန်းကို သွားနေတုန်း J-Hope နဲ့ စတွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ J-Hope ကတော့ Suga ကို အတော်လေးသဘောကျသွားပြီး စိတ်ထဲမှာ မိုက်လိုက်တာလို့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ J-Hope ဟာ Suga ရဲ့ လွှမ်းမိုးမှုကို အကြီးအကျယ်ခံခဲ့ရပုံရပြီး J-Hope ဟာ Drom မှာ အတွင်းခံကလွဲရင် ဘာမှ မဝတ်တော့ဘူးလို့ ဆိုပါတယ်။ ဒါကို ကြုံတွေ့ရသူ Jin ပါ။

Jin က “ကျွန်တော် BigHit ကို စရောက်တော့ J-Hope က အတွင်းခံလေးပဲ ဝတ်ထားတာ။ သူက ကျွန်တော့်ကို အဲဒီပုံစံနဲ့ပဲ နှုတ်ဆက်ခဲ့တာပါ”လို့ ဆိုပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page