K pop

■ ၂၀၂၂ မှာ စောင့်ကြည့်ရမယ့် K-Pop Rookie အဖွဲ့(၅)ဖွဲ့

— – –  ဒီအဖွဲ့သစ် (၅)ဖွဲ့ဟာ ၂၀၂၂ မှာ မဖြစ်မနေ …

၂၀၂၂ အတွင်း နာမည်ကျော်ကြားလာမယ့် K-Pop Rookie အဖွဲ့(၅)ဖွဲ့ကို ဖော်ပြခဲ့ပြီး သူတို့ကို မဖြစ်မနေ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့တွေကတော့ …

1.TREASURE


၂၀၂၀ မှာ YG က ပွဲထုတ်တဲ့ TREASURE ဟာ ဂျပန်ဈေးကွက်ကို လွှမ်းမိုးထားသလို၊ Album အချပ်ရေ (၁)သန်းကျော်တောင် ရောင်းချပြီး ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၀ မှာ ဂျပန်မှာ အရမ်းအောင်မြင်ခဲ့ပြီး ဒီနှစ်မှာ ကမ္ဘာအနှံအောင်မြင်လာမယ်လို့ ဆိုပါတယ်။

2.aespa


Black Mamba နဲ့ ပွဲထွက်ခဲ့တဲ့ aespa အဖွဲ့ဟာ အငြင်းပွားမှုတွေကြားကပဲ အောင်မြင်မှုတွေ ရရှိနေတာပါ။ သူတို့ရဲ့ MV ဟာ K-Pop သမိုင်းတစ်လျှောက် အမြန်ဆုံး You Tube သန်း (၁၀၀) ရရှိတဲ့ Debut MV အဖြစ်လည်း စံချိန်တင်ထားပါတယ်။

3.P1Harmony


ဒီအဖွဲ့ကိုတော့ ပရိသတ်တွေ နည်းနည်းစိမ်းမယ်ဦးထင်ပါတယ်။ P1Harmony ဟာ SIREN ဆိုတဲ့ သီချင်းနဲ့ ပွဲထွက်ထားပြီး သူတို့ရဲ့ ပွဲထွက်မိတ်ဆက်ကို ပရိသတ် (၃)သိန်းကျော် ကြည့်ရှုခဲ့တာပါ။

4.STAYC


၂၀၂၀ မှာ ပွဲထွက်ခဲ့တဲ့ အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ STAYC ဟာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တာပါ။ STAYC ကို စတုတ္ထမျိုးဆက်ကို ဦးဆောင်သူတွေလို့ ထင်ကြေးပေးပြီး နာမည်ပိုကျော်လာဦးမယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။

5.ENHYPEN


TREASURE နဲ့အတူ ENHYPEN အဖွဲ့ရဲ့ ဂျပန်မှာ လွှမ်းမိုးမှုကလည်း ကြီးမားပါတယ်။ သူတို့ရဲ့ ပွဲထွက် Album ဖြစ်တဲ့ “BORDER: DAY ONE” မှာ ဂျပန် Music Chart တွေ တော်တော်လေး လွှမ်းမိုးနိုင်ခဲ့ပြီး ၂၀၂၂ မှာ ပိုကျော်ကြားလာမယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: KPZ & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page