— – – ဓာတ်ပုံတွေကိုကြည့်ပြီး IU လို့ ထင်ထားပါလိမ့်မယ်။ ဒါပေမဲ့ IU မဟုတ်ပါဘူး …
TikTok မှာ တရုတ်မလေးတစ်ယောက်ဟာ နာမည်ကျော် ကိုရီးယားအဆိုတော်၊ မင်းသမီး IU ချွတ်ကျွတ်နီးပါးတူတာကြောင့် နာမည်ကြီးနေတယ်လို့ သိရပါတယ်။
TikTok မှာ wenhoney လို့ အမည်ပေးထားတဲ့ အဲဒီတရုတ်မလေးရဲ့ မျက်နှာဟာ IU အတော်လေးကို တူတာကြောင့် ပရိသတ်အချို့က အစတုန်းက IU လို့တောင် ထင်မိတယ်လို့ ဆိုကြပါတယ်။
အဲဒီတရုတ်မလေးာ IU နဲ့ မျက်နှာတင်မက ခန္ဓာကိုယ်အနေအထားပါ IU လို ဖြစ်ပြီး အမူအရာတွေကလည်း IU ပုံစံမျိုး လုပ်လေ့ရှိတာကြောင့် အင်တာနက်မှာတော့ အတော်လေးကို နာမည်ကြီးနေတာပါ။
ပရိသတ်တွေက “ငါက သူ့ကို IU လို့ ထင်နေတာ” “IU နဲ့ တစ်ပုံစံတည်းပဲ” “IU မဟုတ်ဘူးလား” စတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
— ဃဲ
Ref: Koreaboo & Photos Credit.
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***