K pop

■ True Beauty ဇာတ်ကောင်ကို အသက်သွင်းရတဲ့ အခက်အခဲကို Moon Ga Young ဖွင့်ဟ

— – – Ju kyung အသက်ဝင်အောင် Moon Ga Young ရုန်းကန်ခဲ့ရတာတွေက …

လက်ရှိကျော်ကြားနေတဲ့ True Beauty ဇာတ်လမ်းတွဲရဲ့ အဓိကခေါင်းဆောင်မင်းသမီး Moon Ga Young ဟာ Elle Korea မဂ္ဂဇင်းနဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးခဲ့ပြီး အင်တာဗျူးပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အင်တာဗျူးမှာ Moon Ga Young က Webtoon ကနေ ပြောင်းလဲထားတဲ့ True Beauty ဇာတ်လမ်းတွဲ အဓိကဇာတ်ကောင် Im Ju Kyung အဖြစ် သရုပ်ဆောင်တဲ့အခါ အခက်အခဲတွေကို ပြောပြခဲ့တာပါ။

Moon Ga Young က “Ju kyung ရဲ့ သရုပ်သကန်ကို နားလည်ဖို့အတွက် အတော်လေးကို ကြိုးစားခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Ju kyung ရဲ့ဇာတ်ကောင်၊ သူ ပေးချင်တဲ့ မက်ဆေ့ချ်တွေကို အတိအကျပေးနိုင်ဖို့ ကျွန်မ ကြိုးစားထားတာပါ။ ဒါပေမဲ့ အခုထက်ထိ Ju kyung ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တာ ကျွန်မအတွက် ခက်ခဲနေဆဲ၊ ရုန်းကန်နေရဆဲပါပဲ။ ပြီးတော့ စိတ်လည်း အရမ်းပူပါတယ်”လို့ ဆိုပါတယ်။

ဒါ့ပြင် True Beauty ဇာတ်လမ်းတွဲမှာ ကျောင်းသူအဖြစ် သရုပ်ဆောင်ရတဲ့ အတွေ့အကြုံနဲ့ သူ ကျောင်းသူဘဝတုန်းက အတွေ့အကြုံတွေကိုလည်း Moon Ga Young က အခုလိုပဲ ပြောဆိုခဲ့တာပါ။

“ကျောင်းတက်ရတဲ့ အခန်းတွေက အားအင်အပြည့်ပါပဲ။ တကယ်ကို အပြင်မှာ ကျောင်းတက်နေရသလို ခံစားရပါတယ်။ ကျွန်မက အလယ်တန်းနဲ့ အထက်တန်းကျောင်းသူဘဝကို အမျိုးသမီးကျောင်းတွေမှာ ဖြတ်သန်းခဲ့တာဖြစ်ပြီး အခု ဒီဇာတ်လမ်းတွဲမှာ အမျိုးသားတွေနဲ့အတူတူ တစ်ခန်းတည်းကျောင်းတက်ရတာဆိုတော့ ဒါက ကျွန်မအတွက် အတွေ့အကြုံသစ် ဖြစ်ပါတယ်”လို့ Moon Ga Young က ဆိုပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page