K pop

■ NCT 127 ရဲ့ You Tube Views သန်း (၁၀၀) အမြန်ဆုံးပြည့်တဲ့ MV

— – – ဒီ MV က NCT 127 အဖွဲ့ရဲ့သမိုင်းမှာ You Tube Views သန်း (၁၀၀) အမြန်ဆုံးရတဲ့ …

NCT 127 အဖွဲ့ရဲ့ “Kick It” MV ဟာ ကိုရီးယားစံတော်ချိန် ဇန်နဝါရီ (၂၅)ရက်၊ နံနက် (၀၀း၂၈)နာရီမှာ You Tube Views သန်း (၁၀၀) ကျော်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ NCT 127 အဖွဲ့အတွက် “Cherry Bomb” MV ပြီးနောက်မှာ You Tube Views သန်း (၁၀၀) ကျော်တဲ့ ဒုတိယမြောက် MV အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

NCT 127 အဖွဲ့ဟာ “Kick It” MV ကို ၂၀၂၀ မတ်လ (၅)ရက်မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး (၁၀)လနဲ့ ရက် (၂၀)အကြာမှာပဲ You Tube Views သန်း (၁၀၀) ကျော်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ NCT 127 အဖွဲ့ရဲ့ သမိုင်းမှာ You Tube Views သန်း (၁၀၀) အမြန်ဆုံးရတဲ့ MV ဖြစ်ခဲ့ပြီး NCT တစ်ဖွဲ့လုံးအနေနဲ့ ဆိုရင်တော့ You Tube Views သန်း (၁၀၀) ကျော်တဲ့ (၅)ပုဒ်မြောက် MV အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

NCT အဖွဲ့မှာ You Tube Views သန်း (၁၀၀) ကျော်တဲ့ MV တွေကတော့ NCT 127 – “Kick It”၊ NCT U – “Boss”၊ NCT 127 – “Cherry Bomb”၊ NCT U – “Make A Wish (Birthday Song)” နဲ့ NCT DREAM – “Boom” တို့ပဲ ဖြစ်ပါတယ်။

— ဃဲ
Ref: Soompi & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page