K pop

■ မိခင်ဖြစ်သူကြောင့် ကျောင်းတုန်းက အနိုင်mျင့်ခံခဲ့ရတဲ့ မင်းသမီး

— – – ကျွန်မအမေကြောင့် ကျွန်မသူငယ်ချင်းတွေကို ကျွန်မကို မုန်းကြတယ်လို့ သူက ဆိုပါတယ်။

SBS ရုပ်သံရဲ့ Shin Hye Sung’s Music Odyssey အစီအစဉ်မှာ မင်းသမီး Lee Yu Bi ပါဝင်ခဲ့ပြီး သူမရဲ့ ကျောင်းသူဘ၀ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ Shin Hye Sung က Sunhwa Arts အထက်ကျောင်းမှာ တက်တုန်းက အကြောင်းတွေကို Lee Yu Bi ကို မေးမြန်းခဲ့တာပါ။

Lee Yu Bi က ကျောင်းသူဘဝတုန်းက သူ့အနေနဲ့ စာအရမ်းကြိုးစားခဲ့ပြီး အတန်းဖော်တွေ အားကျရတဲ့ ကျောင်းသူလေး ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

“ကျွန်မ ကျောင်းသူဘဝတုန်းက အရမ်းကြိုးစားခဲ့တာပါ။ ကျောင်းသူတွေ သဘာဝအတိုင်းပါပဲ။ ကစားတယ်။ စားတယ်။ ကြိုးစားတယ်။ ဒါကြောင့် ကျောင်းမှာတုန်းက အဆင့်တော်တော်လေး ကောင်းခဲ့ပါတယ်”လို့ Lee Yu Bi က ဆိုပါတယ်။

ဒါပေမဲ့ Lee Yu Bi ဟာ မိခင်ဖြစ်သူ မင်းသမီး Kyeon Mi Ri ရဲ့ နာမည်ကျော်ကြားမှုကြောင့် အတန်းဖော်တွေဆီမှာ အနိုင်mျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျောင်းတုန်းက ကျွန်မ အနိုင်mျင့်ခံခဲ့ရပါတယ်။ သိပ် ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး။ မေမေက နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် အတန်းဖော်တွေက ကျွန်မကို မနာလို ဖြစ်ကြတယ်။ သူငယ်ချင်းတွေက ကျွန်မကို မုန်းကြတယ်။ တကယ်စဉ်းစားကြည့်ရင်တော့ ဒါက ရယ်စရာကြီးပါ”လို့ Lee Yu Bi က ဆိုပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credits.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page