K pop
■ Show Me The Money ရဲ့ နာမည်ကျော် Rapper တစ်ဦးကွယ်လွန်
-UNICODE
– – Iron ကို တိုက်ခန်းအပြင်မှာ သေဆုံးလျက် တွေ့ခဲ့ပြီး…….
Show Me The Money 3 အစီအစဉ်မှာ Runner-up ရှိပြီး လူသိများလာတဲ့ Rapper Iron ကို တိုက်ခန်းအပြင်ဘက်မှာ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။
Sports Kyunghyang ရဲ့ အဆိုအရ ဇန်နဝါရီ (၂၅) ရက်နေ့၊ ကိုရီးယားစံတော်ချိန် မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ သူ့ရဲ့တိုက်ခန်းအပြင်ဘက်က ပန်းခြံမှာ သေဆုံးနေတာကို လုံခြုံရေးက တွေ့ရှိခဲ့တာပါ။
ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ အချိန်မမှီတော့ဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ Iron ဟာ ၂၀၂၀ ခုနှစ်အတွင်း ဘေ့စ်ဘောရိုက်တံနဲ့ တခြားသူကို ရိုက်ခဲ့လို့ အရေးယူခံရခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း ရည်းစားကို ဗိုလ်ကျခဲ့လို့ တရားစွဲခံထားရပါတယ်။
Iron ဟာ ဒီနေ့အတွက် ဒုတိယမြောက် ကွယ်လွန်ခဲ့တဲ့ K အနုပညာရှင်ဖြစ်ပြီး အစောပိုင်းတုန်းကလည်း School 2017 မင်းသမီး Song Yoo Jung ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ Show Me The Money ရဲ့ နာမည်ကျော် Rapper Iron ကွယ်လွန်
Ref: Koreaboo
You cannot copy content of this page