K pop
■ BTS အဖွဲ့ဝင် V ရဲ့ Role Model က ဘယ်သူလဲ
-UNICODE
– – -V လေးစား အားကျရတဲ့ Role Model က တခြားမဟုတ်ဘဲ….
BTS အဖွဲ့ဝင်ကတော့ လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့ Idol တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ မျိုးဆက်သစ် K-pop Idol တွေအနေနဲ့ V ကို လေးစားအားကျတာတွေလည်း ရှိပါတယ်။ V ဆီမှာလည်း သူလေးစားအားကျရတဲ့ Role Model တစ်ယောက်ရှိပြီး သူကတော့ တခြားမဟုတ်ဘဲ ဖခင်ပဲ ဖြစ်ပါတယ်။
Live တစ်ခုမှာတုန်းက V ဟာ ဖြစ်ချင်တဲ့ အိပ်မက်တွေအကြောင်း အမေးခံခဲ့ရပါတယ်။ အဲဒီအခါ V က သူ့အနေနဲ့ သီချင်းဆိုတာပြီးရင် သူ့အဖေကို ဖခင်ကောင်းတစ်ယောက် ဖြစ်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
အဖေဖြစ်သူဟာ သူ့ကို သူငယ်ချင်းလိုပဲ ဆက်ဆံသူတစ်ယောက်ဖြစ်ကြောင်း၊ သူ့အနေနဲ့ အနာဂတ်မှာ သူ့အဖေလို သားသမီးကို သူငယ်ချင်းလို ဆက်ဆံတဲ့ ဖခင်တစ်ယောက်ဖြစ်လိုကြောင်း V က ဆိုခဲ့ပါတယ်။
V နဲ့ ဖခင်ဖြစ်သူတို့ကြားက ဆက်ဆံရေးကတော့ တကယ့်ကို ချစ်စရာကောင်းလှပြီး မြင်သူတိုင်း ကြည်နူးချင်စရာပဲ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page