K pop
■ Cover Dance ပြုလုပ်ချင်တဲ့ EXO အဖွဲ့ဝင်တစ်ယောက်ရဲ့ သီချင်းကို Yubin ဖွင့်ဟ
-UNICODE
– – -Yubin ဟာ အမျိုးသား Idol တွေရဲ့ choreography ကို စိန်ခေါ်ချင်ကြည့်တယ်လို့ ဖွင့်ဟခဲ့ပြီး ဒီအထဲမှာမှ….
Wonder Girls အဖွဲ့ဝင်ဟောင်း Yubin ဟာ EXO အဖွဲ့ဝင်တစ်ယောက်ရဲ့ အမိုက်စား choreography ကို စိန်ခေါ်ကြည့်ချင်တယ်လို့ ဖွင့်ဟခဲ့တာပါ။
Yubin အနေနဲ့ GQ Korea နဲ့ TMI အင်တာဗျူးပြုလုပ်ရာမှာတော့ စိတ်ဝင်စားဖွယ်မေးခွန်းတွေကို ဖြေကြားသွားခဲ့ပါတယ်။ အဲဒီမှာ Yubin က You Tube Channel မှာ တင်ဆက်ချင်တဲ့အရာက Mukbang လား? Danceလား? ဒါမှမဟုတ် vlog လား ? လို့ အမေးခံခဲ့ရပါတယ်။
ဒီမေးခွန်းကိုတော့ Yubin က သူမအနေနဲ့ အားလုံးကို လုပ်ချင်ကြောင်း ဖြေကြားခဲ့ပါတယ်။ တစ်ခုခုကို ရွေးချယ်ရမယ်ဆိုရင် အကပိုင်းကို ရွေးချယ်ချင်ကြောင်း Yubin က ဆိုခဲ့ပါတယ်။
အကပိုင်းထဲမှာမှ သူမအနေနဲ့ အမျိုးသား Idol တွေရဲ့ choreography တွေကို စိန်ခေါ်ကြည့်ချင်တယ်လို့ဆိုခဲ့ပြီး EXO အဖွဲ့ဝင် Kai ရဲ့ Mmmh ကို ကကြည့်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
“ကျွန်မအနေနဲ့ အမျိုးသား Idol တွေရဲ့ choreography ကို ကြိုးစားကြည့်ချင်ပါတယ်။ ကျွန်မက စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်သူပါ။ Kai က အရမ်း ဆွဲဆောင်မှုရှိပြီး အံ့ဖွယ်ပါပဲ။ Mmmh ကို ကျွန်တော့်အနေနဲ့ ကြိုးစားကြည့်ချင်ပြီး ဒါက အရမ်းမိုက်မှာပါ”လို့ Yubin က ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page