—- ပရိသတ်တွေက Suzy ရဲ့ ဝန်ထမ်းတွေကို အားကျနေကြပါတယ်…ဘာကြောင့်လဲဆိုတော့…
ဇန်နဝါရီလ 23 ရက်နေ့က Suzy ဟာ သူမရဲ့ 10 နှစ်ပြည့် Debut နှစ်ပတ်လည်အတွက် ‘Suzy: A Tempo’ ဆိုတဲ့ Online Concert ကို ကျင်းပခဲ့ပါတယ်။
Suzy ဟာ အဆိုပါ Concert ကို အောင်မြင် စွာကျင်းပနိုင်ခဲ့ပြီး COVID19 အကျပ်အတည်းတွေကြား က Concert ကိုအောင်မြင်စွာကျင်းပနိုင်အောင် စွမ်းဆောင်ပေးနိုင်ကြတဲ့ ဝန်ထမ်းတွေကို သူမကိုယ် တိုင် မော်ဒယ်လုပ်ထားတဲ့ ဇိမ်ခံ Brand လက်ဆောင်တွေ ပေးခဲ့တာဖြစ်ပါတယ်။
Suzy ဟာ နာမည်ကြီး Brand ဖြစ်တဲ့ DIOR လက်ဆောင်ပေးခဲ့တာဖြစ်ပြီး မိတ်ကပ်၊ ပိုက်ဆံအိတ် စတာတွေအပါအဝင် အသုံးအဆောင်စ္စည်းတွေဖြစ်ပါတယ်။
Suzy ဆီက လက်ဆောင်တွေရတဲ့ ဝန်ထမ်းတွေက ဝမ်းသာပြီး လက်ဆောင်တွေနဲ့ Suzy ဆီက ရတဲ့အကြောင်းတွေကို Instagram မှာ တင်ရာကနေ ပရိသတ်တွေက သိရှိခဲ့ကြတာပါ။ ပရိသတ်တွေ ဟာ Suzy ရဲ့ ကြင်နာတတ်ပုံနဲ့ သူနဲ့ လက်ပွန်းတနီးရှိခဲ့ကြတဲ့ ဝန်ထမ်းတွေကို အားကျနေခဲ့ကြပါ တယ်။
-m2t
Ref: SBSstar
*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*