K pop

■ EX တွေနဲ့ ရှည်လျားတဲ့ RS မရှိတဲ့ အကြောင်းတစ်ခုကို JYJ Jaejoong ဖွင့်ဟ

— JYJ အဖွဲ့ဝင် Jaejoong ရဲ့ အတိတ်က EX တွေနဲ့ ရှည်လျားတဲ့ Relationship မရှိတဲ့ အကြောင်း ပြချက်တစ်ခုကို သိရင် ပရိသတ်တွေ…

Jaejoong ဟာ Live လွှင့်နေစဉ် သူ့ရဲ့ပရိသတ်တွေကို ပြေပြခဲ့တာဖြစ်ပါတယ်။ Jaejoong က သူ့အ နေနဲ့ အတိတ်က EX တွေနဲ့ ဘာကြောင့် ရှည်လျားတဲ့ RS မရှိရခြင်းရဲ့အကြောင်းတရားမှာ ဒါကြောင့် ဖြစ်တယ်လို့ ပြောပြခဲ့တာပါ။

Jaejoong က သူ့အနေနဲ့ RS ချိတ်တဲ့အချိန်တိုင်းမှာ ပုံမှန်အားဖြင့် သူ့ရဲ့ပရိသတ်တွေကို မကွယ်မ ဝှက်ဘဲ ပြောပြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ EX နဲ့ RS ဟာ ရေရှည်မဖြစ်ခဲ့ဖူးလို့ ဝန်ခံ ခဲ့ပါတယ်။

Girlfriend တွေဘက်ကကြည့်ရင် သူမနဲ့အတူရှိနေစဉ် ပရိသတ်တွေကို ပြောပြတာကို မနှစ်မြို့ တတ်တဲ့အကြောင်းကိုလည်း Jaejoong က ရင်ဖွင့်ခဲ့ပါတယ်။ နောက်ပြီး ပရိသတ်တွေကိုလည်း ဒီလို မေးခွန်းထုတ်ခဲ့ပါတယ်။

“ မင်းတို့မှာ လက်ရှိ BF ရှိတယ်ပေါ့။ BF နဲ့ အတူရှိနေစဉ် ငါ့အကြောင်းကို မင်းက ပြောနေတယ်။ ဒီလို ခဏခဏ ပြောကြည့်ပါ။ မကြာပါဘူး။ မင်းတို့ရဲ့ BF နဲ့ မကြာခင် ကွဲသွားပါလိမ့်မယ်”

-Jaejoong

Jaejoong က အဲဒီလိုပြောတဲ့အခါ ပရိသတ်တွေက “ ကျွန်မတို့ မဒိတ်တော့ဘူး။ လက်မထပ်တော့ ဘူး။ အဲဒါကောင်းလား” လို့ Comment တွေပေးတဲ့အခါ Jaejoong က “ ဒီမေးခွန်း ငါ့ကို ဘာကြောင့် မေးတာလဲ။ မင်းတို့က အမြဲတမ်းပြောနေကြ…မဒိတ်တော့ဘူး၊ လက်မထပ်တော့ဘူးလို့…အိုကေ..ဒါ ဆိုရင် တစ်သက်လုံး တစ်ယောက်တည်းပဲနေကြတာပေါ့။ ငါတို့တွေ ဒီလိုပဲ အတူတူဖြတ်သန်းကြတာ ပေါ့” လို့ ပြောဆိုခဲ့ပါတယ်။ Jaejoong ရဲ့တော်ကီအောက်မှာ ပရိသတ်တွေ ကြွေဆင်းခဲ့ရပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page