K pop

■ YG တည်ထောင်သူ Yang Hyun Suk ရဲ့ လောင်းmစားမှုအတွက် အပြီးသတ်အမိန့်ချမှတ်

— – – Yang Hyun Suk ရဲ့ တရားမဝင် လောင်းmစားမှုအတွက် အမိန့်ချမှတ်ခဲ့တာပါ။

YG Entertainment တည်ထောင်သူနဲ့ အဓိကရှယ်ယာရှင် Yang Hyun Suk ရဲ့ တရားမဝင် လောင်းmစားမှုနဲ့ ပတ်သက်ပြီး ဆိုးလ်တရားရုံးက ဒီနေ့(နိုဝင်ဘာ ၂၇ ရက်)မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

Yang Hyun Suk ဟာ အမေရိကန်နိုင်ငံ၊ Las Vegas မှာ ၂၀၁၅ ဇူလိုင်လကနေ ၂၀၁၉ ဇူလိုင်လအထိ (၇)ကြိမ်အထိ လောင်းmစားမှုပြုလုပ်ခဲ့ပြီး $335,460 အထိ အသုံးပြုခဲ့တာပါ။

အဲဒီအတွက် အစိုးရရှေ့နေတွေက Yang Hyun Suk ကို ဝမ် (၁၀)သန်း (approximately $9,055) ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့ပြီး အခု တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။

အခု တရားရုံးက အဲဒီတရားမဝင် လောင်းmစားမှုအတွက် YG Entertainment တည်ထောင်သ Yang Hyun Suk ကို ဝမ် (၁၅)သန်း (approximately $13,583) ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

Yang Hyun Suk ကိုယ်တိုင်က လောင်းmစားလုပ်ခဲ့ကြောင်း ဝန်ခံခဲ့တာကြောင့် အမိန့်ချမှတ်ရာမှာ သူ အသုံးပြုခဲ့တဲ့ ငွေကြေးပမာဏကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ တရားရုံးရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

— ဃဲ
Ref: Soompi

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page