K pop

■ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေထဲက YoonA နဲ့ အတူဆုံး ဇာတ်ကောင်

— – – YoonA ဟာ သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေထဲက သူနဲ့ အတူညီဆုံးဇာတ်ကောင်ကို …

Girls’ Generation အဖွဲ့ဝင် YoonA ဟာ သိပ်မကြာခင်က သူ့ရဲ့ YouTube channel မှာ TMI Interview အင်တာဗျူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာ ပရိသတ်တွေက YoonA ကို သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဆောင်တွေထဲမှာ သူနဲ့ အကိုက်ညီဆုံးဇာတ်ကောင်ကို ရွေးချယ်ဖို့ တောင်းဆိုခဲ့ကြပြီး Confidential Assignment က Park Min Young၊ You Are My Destiny က Sae Byuk နဲ့ Exit က Eui Joo တို့ထဲမှာ ဘယ်တစ်ခုက အကိုက်ညီဆုံးလဲလို့ မေးမြန်းခဲ့ပါတယ်။

YoonA က “ကောင်းပြီလေ။ ကျွန်မကတော့ Eui Joo ကို ရွေးချင်တယ်။ ဝန်ထမ်းတွေကလည်း ကျွန်မကို မကြာခဏ Eui Joo နဲ့ တူတယ်လို့ ပြောလေ့ရှိတယ်။ ဒါပေမဲ့ ခြုံပြီးပြောရရင်တော့ ဇာတ်ကောင်တွေအားလုံးက ကျွန်မနဲ့ နည်းနည်းစီတော့ တူတာပါပဲ”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ YoonA က Exit ရုပ်ရှင်က ဇာတ်ကောင် Eui Joo ဟာ သူထက် ပိုပြီးတော့ မှန်ကန်သူဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page