K pop

■ BTS V ကို ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် လုပ်ပေးခဲ့တဲ့ နာမည်ကျော် Idol တစ်ဦး

— – – V ဆက်ဆံရေးကောင်းရခြင်းရဲ့ နောက်ကွယ်မှာ သူက အဓိကနေရာက ရှိနေတာပါ။

BTS အဖွဲ့ဝင် V ဟာ နာမည်ကျော်တွေ တော်တော်များများနဲ့ ရင်းနှီးသူဖြစ်ပြီး K-Pop မှာ ဆက်ဆံရေး အရမ်းကို ကောင်းမွန်တဲ့သူအဖြစ် နာမည်ကြီးသူဖြစ်ပါတယ်။

ဒါပေမဲ့ V အဲဒီလိုမဖြစ်ခင်က သူ့ကို ဆက်ဆံရေးကောင်းအောင် လုပ်ပေးခဲ့သူတစ်ဦးရှိတယ်လို့ V က ဝန်ခံခဲ့ပါတယ်။ သူကတော့ တခြားသူမဟုတ်ပါဘူး။ K-Pop ရဲ့ အချစ်ခံ Idol တစ်ဦးဖြစ်တဲ့ BTOB အဖွဲ့ဝင် Sungjae ပါပဲ။

Sungjae ဟာ V နဲ့ Music Show တစ်ခုရဲ့ နားနေခန်းမှာ စတွေ့တဲ့အခါ V ကို စနှုတ်ဆက်ခဲ့ပြီး “မင်း ၉၅ ခုနှစ်မှာ မွေးတာလား။ ငါတို့ သူငယ်ချင်း လုပ်ကြမလား”ဆိုပြီး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်။

Sungjae နဲ့ တွေ့ပြီးနောက်မှာ V ဟာ မိတ်ဖွဲ့ခြင်းအကြောင်းကို နားလည်သွားခဲ့ပြီး သူငယ်ချင်းတွေ တောက်လျှောက်ရခဲ့တာပါ။ V က “Sungjae ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမြင့်မားလာပြီး မိတ်ဖွဲ့တဲ့နေရာမှာ အတော်လေး အဆင်ပြေခဲ့တယ်”လို့ ဆိုခဲ့တာပါ။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page