K pop

■ V ကို မျက်လုံးပြူးသွားစေတဲ့ Minho ရဲ့ အကိုင်အတွယ်

— – – V ကို တင်မကပါဘူး။ မြင်သူတိုင်းကို ပြူးစေမှာပါ … မျက်လုံး ပြောပါတယ်။

BTS V နဲ့ SHINee Minho တို့ဟာ K-Pop မှာ မျိုးဆက်ကွာဟပေမဲ့ အရမ်းကို ရင်းနှီးကြပြီး နွေးထွေးတဲ့ သူငယ်ချင်းဆက်ဆံရေး ရှိသူတွေ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ လူမြင်ကွင်းတွေမှာတော့ သိပ်တွေ့လေ့မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ Golden Disc Awards ပွဲမှာ သူတို့နှစ်ဦးကြားက ချစ်စရာဆက်ဆံရေးကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ 2016 Music Bank Special Stage မှာတော့ သူတို့နှစ်ဦးရဲ့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ပရိသတ်တွေ ပွဲကျခဲ့ကြရပါတယ်။ အဖြစ်က ဒီလိုပါ။ အဲဒီပွဲမှာ သူတို့ ဖျော်ဖြေခဲ့ကြပြီး ပွဲအပြီးမှာ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတာပါ။

ပြဿနာကလည်း အဲဒီမှာ တက်တာပါပဲ။ BTS V နဲ့ SHINee Minho တို့ နှစ်ဦးသား ပွေ့ဖက်နှုတ်ဆက်ရာမှာ Minho က V ရဲ့ တင်သားနှစ်ဖက်လုံးကို လက်နှစ်ဖက်နဲ့ ညစ်ခဲ့တာပါ။

အဲဒီမြင်ကွင်းကို မြင်ပြီးမှာနောက်မှာ ဝေဖန်တတ်လွန်းတဲ့ K Netizen တွေဟာ ရယ်ရခက်၊ ငိုရခက် ဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာ Minho ကို “အပြစ်မကင်းတဲ့ လက်လေးတွေ ပိုင်ဆိုင်ထားတဲ့ အပြစ်ကင်းတဲ့ မျက်နှာပိုင်ရှင်”လို့ မှတ်ချက်ပြုခဲ့ကြပါသတဲ့။

— ဃဲ
Source: Nate Pann & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page