K pop

■ Volkswagen ကြော်ငြာမှာ ပါဝင်မယ့် Red Velvet အဖွဲ့ဝင်

— – – Volkswagen Korea ရဲ့ ကြော်ငြာမှာ rapper BewhY နဲ့အတူ ပါဝင်မယ့် Red Velvet အဖွဲ့ဝင်ကတော့ …

Volkswagen Korea ဟာ သိပ်မကြာခင်က သူတို့ရဲ့ မော်ဒယ်သစ်ဖြစ်တဲ့ T-Roc ရဲ့ ကြော်ငြာ Teaser အတိုလေးကို ထုတ်လွှင့်ခဲ့ရာမှာတော့ Red Velvet ပရိသတ်တွေ ဝမ်းသာခဲ့ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီ T-Roc ရဲ့ ကြော်ငြာ Teaser လေးမှာ Red Velvet အဖွဲ့ဝင် Seulgi ကို မြင်တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ Seulgi ဟာ အဲဒီ Teaser လေးမှာ ကားမှန်ပေါ်မှာ ခဏပေါ်လာတာ ဖြစ်ပါတယ်။

Volkswagen Korea ဟာ T-Roc ရဲ့ ကြော်ငြာအပြည့်အစုံကို သိပ်မကြာခင်မှာ ထုတ်လွှင့်သွားမှာဖြစ်ပြီး Seulgi က အဲဒီကြော်ငြာမှာ rapper BewhY နဲ့အတူ ရိုက်ကူးမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Volkswagen Korea ဟာ T-Roc ရဲ့ ကြော်ငြာ Teaser ကို ဖော်ပြပေးလိုက်ပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page