K pop

■ Rosé ရဲ့ “Coming Soon” Teaser က အဓိကအချက် (၆)ချက်

— – – (၃၄)စက္ကန့်ကြာတဲ့ Rosé ရဲ့ Teaser မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကတော့ …

BLACKPINK အဖွဲ့ဝင် Rosé ဟာ သူမရဲ့ highly-anticipated solo debut အတွက် “Coming Soon” ဆိုတဲ့ Teaser တစ်ခုကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တွေ လွှတ်သွားနိုင်တဲ့ အချက် (၆)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1- Lovesick Girls MV က bathtub


အခု Rosé ရဲ့ “Coming Soon” Teaser မှာ Rosé ဟာ ရေချိုးခန်းက bathtub ဘေးနားမှာ လဲနေတာ တွေ့ရမှာပါ။ ဒါဟာ BLACKPINK ရဲ့ “Lovesick Girls” MV က bathtub နဲ့ ဆက်စပ်မှုရှိတယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

2 – ဝိုင်ဖန်ခွက်


Rosé တစ်ယောက်တည်း ညစာစားနေတဲ့ ပုံဖြစ်ပါတယ်။ Rosé ဘေးနားမှာ ဝိုင်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ရှိပြီး အဲဒီဝိုင်ခွက် သူမအတွက်ဖြစ်ပြီး အဲဒီနောက်မှာ ဝိုင်ဖန်ခွက် အလွတ်(၃)ခွက်ကို တွေ့ရမှာပါ။ အဲဒီ (၃)ခွက်ကတော့ ကျန် BLACKPINK အဖွဲ့ဝင် (၃)ဦးကို ရည်ညွှန်းပြီး Rosé ကို သူတို့စောင့်ကြည့်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

3- နှင်းဆီစိတ်ကူးယဉ်


Rosé ရဲ့ နာမည်က rose နဲ့အတူတူပါပဲ။ ပြီးတော့ Rosé ရဲ့ IG က @roses_are_rosie ဖြစ်ပါတယ်။ အခု Teaser မှာ နှင်းဆီပန်းကို Rosé ပစ်လိုက်တဲ့ပုံနဲ့ နှင်းဆီအနီကို မီးလောင်တဲ့ နောက်မှာ Rosé ပေါ်လာတွေ ပါဝင်ပြီး နှင်းဆီရဲ့ သဘာဝက love, passion, longing နဲ့ love lost ကို ရည်ညွှန်းပါတယ်။

4- Summer Cruising


အခု Teaser မှာ သင်္ဘောပုံနဲ့အတူ summer cruising လို့ ရေးထားတဲ့ ပန်းချီကားတစ်ချပ် ပါဝင်ပါတယ်။ summer cruising က အတိတ်က ပျော်ရွှင်မှုတွေကို ရည်ညွှန်းတာဖြစ်ပြီး “Lovesick Girls” MV က ပျော်ရွှင်မှုကို ပုံဖော်ထားတာပါ။

5- နာရီ

ညစာစားနေစဉ် နံရံမှာ နာရီကို မြင်ရပါလိမ့်မယ်။ အချိန်အတိအကျ မြင်ရခက်ပေမဲ့ 10:25 PM ကို ပြထားတာဖြစ်ပြီး အဲဒါက ဘာအဓိပ္ပာယ်လဲဆိုတော့ …

6- ဖယောင်းတိုင်


Rosé က “All my love is gone, now you’re dead and gone” ဆိုတဲ့စာသားကို Teaser မှာ ဆိုထားတာပါ။ ဖယောင်းတိုင်တွေက ဆုံးရှုံးခြင်း၊ ဝမ်းနည်းခြင်းတွေကို ဖော်ဆောင်ပြီး ဒီ MV က အချစ်အတွက် ခံစားရတဲ့ ဝမ်းနည်းခြင်းကို ဖော်ဆောင်ထားတာဖြစ်မယ်လို့ ယူဆနေကြပါတယ်။

Rosé ရဲ့ Solo Debut အတွက် “Coming Soon” ဆိုတဲ့ အလန်းစား Teaser ကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါပြီ။

 

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page