K pop

■ Rosé ရဲ့ အလန်းစား Solo သီချင်းအတွက် အလန်းစား Teaser ထွက်ပြီ

— – – (၃၄)စက္ကန့်သာ ကြာတဲ့ Teaser မှာ Rosé ရဲ့ MV နဲ့ အသံကတော့ …

YG ဟာ BLACKPINK အဖွဲ့ရဲ့ Rosé ရဲ့ Solo Debut အတွက် “Coming Soon” ဆိုတဲ့ အလန်းစား Teaser ကို ဇန်နဝါရီ (၂၅) ရက်နေ့ ညမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ပရိသတ်တွေ မျှော်လင့်စားနေကြတဲ့ Rosé ရဲ့ Solo Debut သီချင်း ထုတ်မယ့်နေ့ကို ကြေညာခြင်းမရှိပေမဲ့ အဲဒီသီချင်းကို Rosé ရဲ့ မေတ္တာရပ်ခံချက်အရ ဇန်နဝါရီ(၃၁)ရက်နေ့ ကျင်းပမဲ့ BLACKPINK ရဲ့ online concert “THE SHOW” ဖျော်ဖြေမယ်လို့လည်း YG က အတည်ပြုထားတာပါ။

Rosé ရဲ့ Solo Debut MV ဟာ ဇန်နဝါရီလလယ်ကတည်းက ရိုက်ကူးဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ ပြည့်စုံကောင်းမွန်တဲ့ MV ဖြစ်ဖို့ အဆုံးသတ်အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ YG ကတော့ Rosé ရဲ့ Solo Debut MV ဟာ High-scale MV တစ်ခုဖြစ်ပြီး အကုန်အကျများသလို၊ BLACKPINK ရဲ့ ဂီတနဲ့လည်း ကွဲထွက်တယ်လို့ ညွှန်းထားပါတယ်။

အခု BLACKPINK ရဲ့ online concert “THE SHOW” မတိုင်ခင် YG က Rosé ရဲ့ Solo Debut အတွက် “Coming Soon” ဆိုတဲ့ အလန်းစား Teaser ကို ပရိသတ်တွေအတွက် ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ အလွန်သဘောကျနေတယ်လို့ သိရပါတယ်။

Rosé ရဲ့ Solo Debut အတွက် “Coming Soon” ဆိုတဲ့ အလန်းစား Teaser ကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါပြီ။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page