— – – သူ့ရဲ့ ဒုတိယမြောက် full album ကို Bobby က ဘာကြောင့် “Lucky Man” ပေးသလဲဆိုတော့ …
K-Pop Rapper တွေထဲမှာ “Show Me The Money” ပွဲရဲ့ ချန်ပီယံဆုကို ရရှိသူဟာ iKON အဖွဲ့ဝင် Bobby တစ်ယောက်ပဲ ရှိပါတယ်။ သူဟာ ဇန်နဝါရီ (၂၅)ရက်က သူ့ရဲ့ ဒုတိယမြောက် full album ဖြစ်တဲ့ “Lucky Man” နဲ့ Comeback လုပ်ခဲ့ပါတယ်။
အဲဒီ Album နဲ့ ပတ်သက်ပြီး Bobby က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ ဒီ Album က သူ့ရဲ့အစစ်အမှန်ကို ချပြခွင့်ရတဲ့အတွက် အရမ်းဝမ်းသာကြောင်း ဆိုခဲ့ပါတယ်။
Album အမည်ကို ဘာကြောင့် Lucky Man လို့ ပေးထားတာနဲ့ ပတ်သက်လို့ Bobby က “ဒီ Album မှာ ကျွန်တော့်ရဲ့ ခံစားချက်တွေ စိမ့်ဝင်နေပါတယ်။ အခု ကျွန်တော် အသက် (၂၀)ကျော်ကာလကို ဖြတ်သန်းနေတာပါ။ ဒီတော့ ကျွန်တော့်မှာ ခံစားချက်တွေ များစွာ ရှိပါတယ်။ အခု ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို ကံကောင်းတယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါကြောင့် Album အမည်ကို Lucky Man လို့ ပေးခဲ့တာပါ”လို့ ဆိုပါတယ်။
ပြီးတော့ Bobby က ဒီ Album ဟာ သူ့ရဲ့ အစစ်အမှန်ကို ပြသတဲ့ Album ဖြစ်ပြီး သူ့အနေနဲ့ ဘယ်လိုအောင်မြင်ရမယ်၊ ဘာတွေ ဖြစ်ရမယ်ဆိုတာထက် ခံစားချက်တွေ၊ ကိုယ်တွေ့တွေကို ဖော်ထုတ်နိုင်တဲ့ သီချင်းတွေ ဖြစ်တာကြောင့် ကျေနပ်အားရတယ်လို့ ဆိုခဲ့ပါတယ်။
— ဃဲ
Ref: AKP & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***