K pop

■ EXO-L တွေအတွက် D.O. ရဲ့ ချိုမြိန်တဲ့ မက်ဆေ့ချ်

— – – EXO အဖွဲ့ဝင် D.O. ရဲ့ မက်ဆေ့ချ်က EXO-L တွေရဲ့ နှလုံးသားကို နွေးထွေးစေမှာပါ။

EXO အဖွဲ့ဝင် D.O. ဟာ ဇန်နဝါရီ (၂၅)ရက် တရားဝင်စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပြီး COVID-19 protocol တွေအရ ခွင့်ရက်ရှည် ရပြီးကတည်းက တပ်ကို မပြန်တော့ဘဲ စစ်မှုတာဝန်ကို ပြီးဆုံးစေခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်းတာဝန် တရားဝင်ပြီးဆုံးတဲ့နောက်မှာတော့ D.O. က ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း SM အနုပညာရှင်တွေရဲ့ လူမှုကွန်ရက် Platform တစ်ခုဖြစ်တဲ့ Lysn မှာ ရေးသားခဲ့ပါတယ်။

“ကျွန်တော် စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးခဲ့ပါပြီ။ ကျွန်တော့်ကို အချိန်ကြာမြင့်စွာ စောင့်မျှော်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အလုပ်တွေ ကြိုးစားသွားမှာပါ။ အားလုံး ကျန်းမာကြပါစေ”ဆိုပြီး D.O. က ရေးသားခဲ့တာပါ။

D.O. ဟာ ၂၀၁၉ ဇူလိုင်မှာ active duty soldier အဖြစ် စစ်မှုစတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူဟာ Xiumin ပြီးနောက် EXO အဖွဲ့မှာ စစ်မှုထမ်းပြီးတဲ့ ဒုတိယမြောက် အဖွဲ့ဝင်ဖြစ်ပါတယ်။

D.O. ဟာ “The Moon” ဆိုတဲ့ ဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင် Sol Kyung Gyu နဲ့အတူ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page