K pop

■ အချေကောင်းလို့ နာမည်ကျော် Parasite နဲ့ လွဲချော်မလိုဖြစ်ခဲ့ရသေးတဲ့ Park So Dam ရဲ့ဖြစ်ရပ်

-UNICODE

– – -Parasite နဲ့ ပတ်သက်တဲ့ ရယ်ရွှင်ဖြစ်ရာဖြစ်ရပ်ကို Park So Dam က ဖွင့်ဟသွားခဲ့တာဖြစ်ပြီး….

မင်းသမီး Park So Dam ဟာ တလောက MAMAMOO အဖွဲ့ဝင် Solar ရဲ့ You Tube Channel မှာ ဧည့်သည်အဖြစ် လာရောက်ခဲ့ပါတယ်။

အဲဒီမှာ Park So Dam က သူမရဲ့ လတ်တလောလှုပ်ရှားမှုတွေအကြောင်းနဲ့ အော်စကာဆုရရုပ်ရှင် Parasite ဇာတ်ကားအကြောင်းတို့ကို ဖွင့်ဟခဲ့ပါတယ်။ အဲဒီမှာ Park So Dam က Parasite ဇာတ်ကားနဲ့ လွဲချော်မလိုဖြစ်ခဲ့သေးတဲ့ စိတ်ဝင်စားဖွယ်အကြောင်းကို ဝေမျှခဲ့ပါတယ်။

Parasite မရိုက်ကူးခင်က သူမအနေနဲ့ အေဂျင်စီ မရှိခဲ့ဘဲ တစ်ကိုယ်တော် လှုပ်ရှားခဲ့တာပါ။ ဒါကြောင့် ဒါရိုက်တာ Bong Joon Ho က Park So Dam ကို ကိုယ်တိုင်ဆက်သွယ်ခဲ့ရတာပါ။ ဒါပေမဲ့ Park So Dam ဟာ Bong Joon Ho ရဲ့ မက်ဆေ့ချ်ကို လျစ်လျူရှုခဲ့ပြီး Reply မပြန်ခဲ့ပါဘူး။

Bong Joon Ho လို နာမည်ကျော် ဒါရိုက်တာတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ မက်ဆေ့ချ်ပေးပို့ခဲ့တာကို Park So Dam က မယုံကြည်နိုင်ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ Bong Joon Ho ကလည်း Parasite ဇာတ်ကားထဲမှာ အဲဒီဇာတ်ရုပ်က Park So Dam နဲ့ လုံးဝလိုက်ဖက်မယ်လို့ ယုံကြည်ခဲ့တာပါ။

ဒါပေမဲ့ Bong Joon Ho က နောက်ထပ်တစ်ခါ ထပ်မံ ဆက်သွယ်ခဲ့ရာမှာတော့ Park So Dam က တုံ့ပြန်ခဲ့ပြီး Parasite ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ အေခ်ေကာင္းလို႔ နာမည္ေက်ာ္ Parasite နဲ႔ လြဲေခ်ာ္မလိုျဖစ္ခဲ့ရေသးတဲ့ Park So Dam ရဲ႕ျဖစ္ရပ္

– – -Parasite နဲ႔ ပတ္သက္တဲ့ ရယ္႐ႊင္ျဖစ္ရာျဖစ္ရပ္ကို Park So Dam က ဖြင့္ဟသြားခဲ့တာျဖစ္ၿပီး….

မင္းသမီး Park So Dam ဟာ တေလာက MAMAMOO အဖြဲ႕ဝင္ Solar ရဲ႕ You Tube Channel မွာ ဧည့္သည္အျဖစ္ လာေရာက္ခဲ့ပါတယ္။

အဲဒီမွာ Park So Dam က သူမရဲ႕ လတ္တေလာလႈပ္ရွားမႈေတြအေၾကာင္းနဲ႔ ေအာ္စကာဆုရ႐ုပ္ရွင္ Parasite ဇာတ္ကားအေၾကာင္းတို႔ကို ဖြင့္ဟခဲ့ပါတယ္။ အဲဒီမွာ Park So Dam က Parasite ဇာတ္ကားနဲ႔ လြဲေခ်ာ္မလိုျဖစ္ခဲ့ေသးတဲ့ စိတ္ဝင္စားဖြယ္အေၾကာင္းကို ေဝမွ်ခဲ့ပါတယ္။

Parasite မ႐ိုက္ကူးခင္က သူမအေနနဲ႔ ေအဂ်င္စီ မရွိခဲ့ဘဲ တစ္ကိုယ္ေတာ္ လႈပ္ရွားခဲ့တာပါ။ ဒါေၾကာင့္ ဒါ႐ိုက္တာ Bong Joon Ho က Park So Dam ကို ကိုယ္တိုင္ဆက္သြယ္ခဲ့ရတာပါ။ ဒါေပမဲ့ Park So Dam ဟာ Bong Joon Ho ရဲ႕ မက္ေဆ့ခ်္ကို လ်စ္လ်ဴရႈခဲ့ၿပီး Reply မျပန္ခဲ့ပါဘူး။

Bong Joon Ho လို နာမည္ေက်ာ္ ဒါ႐ိုက္တာတစ္ေယာက္က ကိုယ္တိုင္ကိုယ္က် မက္ေဆ့ခ်္ေပးပို႔ခဲ့တာကို Park So Dam က မယုံၾကည္ႏိုင္ျဖစ္ခဲ့ရတာပါ။ ဒါေပမဲ့ Bong Joon Ho ကလည္း Parasite ဇာတ္ကားထဲမွာ အဲဒီဇာတ္႐ုပ္က Park So Dam နဲ႔ လုံးဝလိုက္ဖက္မယ္လို႔ ယုံၾကည္ခဲ့တာပါ။

ဒါေပမဲ့ Bong Joon Ho က ေနာက္ထပ္တစ္ခါ ထပ္မံ ဆက္သြယ္ခဲ့ရာမွာေတာ့ Park So Dam က တုံ႔ျပန္ခဲ့ၿပီး Parasite ဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ျဖစ္ခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page