K pop
■ Bang Chan အကြိုက်ဆုံး BLACKPINK ရဲ့သီချင်းတစ်ပုဒ်
-UNICODE
– – – BLACKPINK ရဲ့ Fanboy လေး Bang Chan အကြိုက်ဆုံး BLACKPINK သီချင်းကတော့…
Stray Kids အဖွဲ့ဝင် Bang Chan ဟာ BLACKPINK အဖွဲ့ကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။
သူဟာ တလောက Live လွှင့်ခဲ့ရာမှာတော့ သီချင်းတွေ အမျိုးမျိုးကို နားထောင်နေခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ BLACKPINK ရဲ့ Pretty Savage သီချင်းလည်း ပါဝင်ခဲ့ပါတယ်။
Pretty Savage သီချင်း စဖွင့်လိုက်တဲ့အချိန်မှာတော့ Bang Chan တစ်ယောက် အလွန်ကျေနပ်သွားတဲ့မျက်နှာပုံစံမျိုးကို မြင်တွေ့လိုက်ရပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး very, very savage လို့လည်း မှတ်ချက်ပြုခဲ့ပါသေးတယ်။
အဲဒီနောက် Bang Chan က Pretty Savage သီချင်းနဲ့ အမှတ်တရတစ်ခုကိုလည်း ပြန်ပြောင်းဖွင့်ဟသွားခဲ့ပါတယ်။ Stray Kids ရဲ့ ပရိုမိုးရှင်းနဲ့ BLACKPINK ရဲ့ ပရိုမိုးရှင်းတို့ ဆုံတဲ့အခါ သူ့အနေနဲ့ BLACKPINK အဖွဲ့ Pretty Savage သီချင်းအတွက် လေ့ကျင့်မှုတွေ၊ ဖျော်ဖြေမှုတွေကို ခဏခဏ ကြည့်ကြောင်း Bang Chan က ဆိုခဲ့တာပါ။
Pretty Savage သီချင်းကို နားထောင်ရတာ အလွန် အလွန် ပျော်ဖို့ကောင်းပြီး သူ့အနေနဲ့ အများကြီးကြိုက်တယ်လို့ Bang Chan က ဖွင့်ဟခဲ့ပါတယ်။
Bang Chan ရဲ့ ဖွင့်ဟစကားက BLINKS တွေအတွက်လည်း ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page