Cele

■ Yeri က Jennie ရဲ့ ပုံစံကို လိုက်လံတုပနေခြင်း မဟုတ်ကြောင်း Netizens တွေ သက်သေပြ

– UNICODE

– – – Instagram က ပုံရိပ်တွေကိုကြည့်ပြီး တချို့က Yeri ဟာ Jennie ကို လိုက်လံတုပနေတယ်လို့ စွပ်စွဲခဲ့ရာမှာ……

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အွန်လိုင်းသုံးစွဲသူတွေကြားမှာ Red Velvet အဖွဲ့ဝင် Yeri နဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေ ရှိခဲ့ကြပါတယ်။

ဒါကတော့ Yeri ရဲ့ လူမှုကွန်ရက်က ဓာတ်ပုံတချို့ဟာ BLACKPINK အဖွဲ့ဝင် Jennie ကို လိုက်လံတုပတယ်ဆိုတဲ့ ထူးထူးဆန်းဆန်းစွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Netizens တွေကတော့ ဒီပုံတွေကို Yeri က အရင်စောပြီးတင်ခဲ့တာလို့ ထောက်ပြခဲ့ပြီး စွပ်စွဲမှုတွေကို ချေပသွားခဲ့ပါတယ်။

ဒီပုံမှာတော့ နောက်ခံတူခဲ့ခြင်းအတွက် Yeri က ဝေဖန်ခဲ့ခဲ့ရတာပါ။ ဒါပေမဲ့ ဒီပုံကို Yeri က အရင်ရိုက်ကူးခဲ့တာဖြစ်ပြီး Idol တွေက နိုင်ငံခြား ခရီးစဉ်တွေ အများအပြားကို သွားလေ့ရှိတဲ့အတွက် ဒီလို နောက်ခံတူတာမျိုးကို ဝေဖန်တာက ရယ်စရာလို့ ဆိုရမှာပါ။

ဒါ့အပြင် Yeri ဟာ Jennie နဲ့ တူညီတဲ့ အားကစား hairband ကို ဝတ်တဲ့အတွက်လည်း ဝေဖန်ခံခဲ့ရပါတယ်။ ဒီ Brand ဟာ K-pop အနုပညာရှင်အများအပြားကို စပွန်ဆာပေးထားတာဖြစ်တယ်လို့ Netizens တွေက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ကင်မရာကိုင်ပြီး ဓာတ်ပုံရိုက်တဲ့ Pose ဆိုတာလည်း အားလုံးလုပ်နေကြတဲ့ သာမန် Pose မျိုးသာဖြစ်ပါတယ်။

ခွေးလေးတွေနဲ့ရိုက်တာကလည်း ဘာမှ ထွေထွေးထူးထူး မဟုတ်ပါဘူး။ Yeri ဟာ တိရစ္ဆာန်လေးတွေကို ချစ်ခင်သူဖြစ်ပြီး မကြာခဏဆိုသလို သူမရဲ့ခွေးလေးတွေနဲ့ ဓာတ်ပုံအတူတွဲရိုက်နေကြ ဖြစ်ပါတယ်။

Yeri နဲ့ Jennie တို့ဟာ ရင်းနှီးကြသူတွေဖြစ်ပြီး တစ်ခါက Instagram Live တောင် အတူတူလွှင့်ခဲ့ဖူးတာ တွေ့ရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

– ZAWGYI

■ Yeri က Jennie ရဲ႕ ပံုစံကို လိုက္လံတုပေနျခင္း မဟုတ္ေၾကာင္း Netizens ေတြ သက္ေသျပ

– – – Instagram က ပုံရိပ္ေတြကိုၾကည့္ၿပီး တခ်ိဳ႕က Yeri ဟာ Jennie ကို လိုက္လံတုပေနတယ္လို႔ စြပ္စြဲခဲ့ရာမွာ……

ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္း အြန္လိုင္းသုံးစြဲသူေတြၾကားမွာ Red Velvet အဖြဲ႕ဝင္ Yeri နဲ႔ ပတ္သက္ၿပီး စြပ္စြဲမႈေတြ ရွိခဲ့ၾကပါတယ္။

ဒါကေတာ့ Yeri ရဲ႕ လူမႈကြန္ရက္က ဓာတ္ပုံတခ်ိဳ႕ဟာ BLACKPINK အဖြဲ႕ဝင္ Jennie ကို လိုက္လံတုပတယ္ဆိုတဲ့ ထူးထူးဆန္းဆန္းစြပ္စြဲမႈေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ Netizens ေတြကေတာ့ ဒီပုံေတြကို Yeri က အရင္ေစာၿပီးတင္ခဲ့တာလို႔ ေထာက္ျပခဲ့ၿပီး စြပ္စြဲမႈေတြကို ေခ်ပသြားခဲ့ပါတယ္။

ဒီပုံမွာေတာ့ ေနာက္ခံတူခဲ့ျခင္းအတြက္ Yeri က ေဝဖန္ခဲ့ခဲ့ရတာပါ။ ဒါေပမဲ့ ဒီပုံကို Yeri က အရင္႐ိုက္ကူးခဲ့တာျဖစ္ၿပီး Idol ေတြက ႏိုင္ငံျခား ခရီးစဥ္ေတြ အမ်ားအျပားကို သြားေလ့ရွိတဲ့အတြက္ ဒီလို ေနာက္ခံတူတာမ်ိဳးကို ေဝဖန္တာက ရယ္စရာလို႔ ဆိုရမွာပါ။

ဒါ့အျပင္ Yeri ဟာ Jennie နဲ႔ တူညီတဲ့ အားကစား hairband ကို ဝတ္တဲ့အတြက္လည္း ေဝဖန္ခံခဲ့ရပါတယ္။ ဒီ Brand ဟာ K-pop အႏုပညာရွင္အမ်ားအျပားကို စပြန္ဆာေပးထားတာျဖစ္တယ္လို႔ Netizens ေတြက ရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္ ကင္မရာကိုင္ၿပီး ဓာတ္ပုံ႐ိုက္တဲ့ Pose ဆိုတာလည္း အားလုံးလုပ္ေနၾကတဲ့ သာမန္ Pose မ်ိဳးသာျဖစ္ပါတယ္။

ေခြးေလးေတြနဲ႔႐ိုက္တာကလည္း ဘာမွ ေထြေထြးထူးထူး မဟုတ္ပါဘူး။ Yeri ဟာ တိရစာၦန္ေလးေတြကို ခ်စ္ခင္သူျဖစ္ၿပီး မၾကာခဏဆိုသလို သူမရဲ႕ေခြးေလးေတြနဲ႔ ဓာတ္ပုံအတူတြဲ႐ိုက္ေနၾက ျဖစ္ပါတယ္။

Yeri နဲ႔ Jennie တို႔ဟာ ရင္းႏွီးၾကသူေတြျဖစ္ၿပီး တစ္ခါက Instagram Live ေတာင္ အတူတူလႊင့္ခဲ့ဖူးတာ ေတြ႕ရမွာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page