K pop
■ Running Man ထဲမှာ ၁၉၈၀ ခုနှစ်ခန့်ကို ပြန်သွားတဲ့အခါ Song Ji Hyo ရဲ့ပုံစံကို အားလုံးအံ့အားသင့်
-UNICODE
– – – Song Ji Hyo ရဲ့ ပြောင်းလဲသွားပုံကို ပရိသတ်တွေသာမက RM အဖွဲ့ဝင်တွေကပါ….
Running Man အဖွဲ့ဝင် Song Ji Hyo ဟာ အလှအပနဲ့ ပတ်သက်ရင် ကျော်ကြားသူတစ်ယောက်ပါ။
နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ Running Man ရဲ့ အပိုင်းတစ်ပိုင်းမှာလည်း Song Ji Hyo ရဲ့ ပြောင်းလဲသွားတဲ့ လူငယ်ဆန်လွန်းတဲ့ အလှတရားနဲ့ ပတ်သက်ပြီး အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။
အဲဒီအပိုင်းမှာ Running Man အဖွဲ့ဝင်တွေဟာ ၁၉၈၀ ခုနှစ်ခန့်ကို ပြန်သွားခဲ့ကြတာပါ။ အဲဒီမှာ Song Ji Hyo ဟာ ရှေးခတ်က ကျောင်းဝတ်စုံနဲ့ ရှေးကျလွန်းတဲ့ Pigtail ဆံပင်ပုံစံနဲ့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပြင်ဆင်လိုက်တဲ့အခါ Song Ji Hyo ဟာ ၁၉၈၀ ခုနှစ်က လူငယ်လေးတစ်ယောက်လို ပြောင်းလဲသွားပြီး ၄၁ နှစ်အရွယ်လို့ ထင်မှတ်စရာမရှိတော့ကြောင်း ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် RM အဖွဲ့ဝင်တွေကပါ အဲဒီစတိုင်နဲ့ Ji Hyo တစ်ယောက် အရမ်းလှတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
အသက်အရွယ်ဆိုတာ ကိန်ဂဏန်းတစ်ခုသာသာဆိုတာ Ji Hyo က သက်သေပြခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
အဲဒီအပိုင်းမှာ ဖျော်ဖြေဖို့ Band ဖွဲ့ရာမှာလည်း haha နဲ့ Se Chan တို့က Ji Hyo ကို အရေးပါတဲ့ Main Vocal Role ကို ပေးအပ်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page