Articles

■ အလွမ်းလား၊ အကြမ်းလား..ဘာလာလာဒေါင်းတဲ့ ထိပ်တန်းမင်းသား (၅) ယောက်

– – – အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ ကြမ်းသလောက်၊ အချစ်ဇာတ်ဝင်ခန်းတွေမှာဆိုရင်လည်း သူတို့လောက် ရို တတ်တဲ့သူ မရှိဘူးလို့ သတ်မှတ်ခံထားရတာပါ။

Namgoong Min

Namgoong Min ဟာ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ REMEMBER: WAR OF THE SON ဇာတ်လမ်းတွဲထဲမှာ သူရဲ့ အကြမ်းအရမ်းသရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက ချီးကျူးခဲ့ကြပြီး အဲဒီနောက် EAUTIFUL GONG SHIM ဇာတ်လမ်းတွဲမှာတော့ ချစ်စရာကောင်းတဲ့ပုံစံနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Ji Chang Wook

Ji Chang Wook ကတော့ အက်ရှင်ရော၊ ရိုမန့်တစ်ပါ ပိုင်နိုင်လွန်းသူဆိုတာ ပြောစရာ လိုမယ်မထင်ပါဘူး။ Healer,K2 တို့မှာ သူ့ရဲ့ ဇာတ်ရှင်သရုပ်ဆောင်ချက်တွေကို သက်သေပြထားပြီးဖြစ်သလို လက်ရှိ Backstreet Rookie မှာလည်း Cute ပုံစံနဲ့ လိုက်ဖက်လွန်းသူဆိုတာ မြင်တွေ့ရမှာပါ။

Lee Dong Wook

Lee Dong Wook ကလည်း အကြမ်းအရမ်းရော၊ ရိုမန့်တစ်ပါ နှစ်ခုလုံး ကျွမ်းကျင်ပိုင်နိုင်သူဆိုတာ သူ့ရဲ့ဇာတ်လမ်းတွဲတွေကို ကြည့်ဖူးသူတိုင် သိမှာပါ။ အရင်က ဇာတ်ကြမ်းခန်းတွေ ရိုက်ကူးခဲ့ပေမယ့် ရိုမန့်တစ်နဲ့လည်း လိုက်ဖက်လွန်းသူဆိုတာ TOUCH YOUR HEART မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Kang Ha Neul

Kang Ha Neul ကလည်း ဇာတ်ရုပ်နှစ်ခုစလုံးနဲ့ လိုက်ဖက်လွန်းသူဆိုတာ တွေ့ရမှာပါ။ Moon Lovers မှာ သွေးအေးပြီး ကြက်သီးထဖွယ် ပုံစံမျိုးနဲ့ kang Ha Neul ဟာ WHEN THE CAMELLIA BLOOMS မှာတော့ အလွန်ချစ်စရာကောင်းတဲ့ပုံစံနဲ့ မြင်တွေ့ရမှာပါ။

Jang Hyuk

ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jang Hyuk ကလည်း အက်ရှင်ရော၊ ရိုမန့်တစ်ပါ ကျွမ်းကျင်ပိုင်နိုင်လွန်းသူဆိုတာ ယုံမှားစရာ မရှိပါဘူး။ သူဟာ အက်ရှင်ဇာတ်လမ်းတွဲတွေရော၊ အချစ်ဟာသဇာတ်မြူးတွေပါ ရိုက်ကူးခဲ့သူပါ။

Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page