K pop

■ RM နဲ့ ပတ်သက်ပြီး J-Hope အားနာမိတဲ့ အခိုက်အတန့်လေးတစ်ခု

-UNICODE

– – – BTS အဖွဲ့ဝင်တွေဟာ အပြန်အလှန် ရိုးရိုးသားသား ဝန်ခံခဲ့ကြတာဖြစ်ပြီး…..

BTS အဖွဲ့ဝင်တွေဟာ ပွဲထွက်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ ရှိနေကြတာပါ။

ဒါပေမဲ့ လူ့သဘာဝအရ တစ်ခါတစ်လေ တစ်ယောက်နဲ့တစ်ယောက် ပွတ်တိုက်မိတာတွေလည်း ရှိကြပါတယ်။2020 BTS FESTA မှာ BTS အ ဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အားနာမိတာမျိုးတွေ ၊ ပြန်တောင်းပန်ချင်တဲ့ အခိုက်အတန့်တွေ ရှိသလားလို့ အမေးခံခဲ့ရပါတယ်။

အဲဒီမှာ BTS အဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရိုးရိုးသားသား ဝန်ခံခဲ့ကြပါတယ်။ J-Hope ကတော့ သူ့အနေနဲ့ အဖွဲ့ခေါင်းဆောင် RM ကို အားနာပြီး တောင်းပန်ချင်တဲ့ အခိုက်အတန့်တစ်ခုရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါကတော့ တစ်ခါက လေ့ကျင့်ရေး အစီအစဉ်တစ်ခုမှာ RM ကို J-Hope က အားမလိုအားမရဖြစ်မိတာလေးပါ။ အဲဒီတုန်းက RM ရဲ့ ပခုံးက နာနေတဲ့အတွက် ပြင်းပြင်းထန်ထန် မလေ့ကျင့်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ J-Hope ဟာ RM ပခုံးနာနေတာကို လက်မခံနိုင်ခဲ့ပါဘူး။

တကယ်တမ်း အဲဒီလိုနာကြကြေးဆိုရင် နှစ်ပေါင်းများစွာ ပိုကလာတဲ့ သူကပဲ နာသင့်ကြောင်း တွေးခဲ့မိတယ်လို့ J-Hope က ဖွင့်ဟခဲ့ပါတယ်။ ဒါကြောင့် အဲဒီတုန်းက အဲဒီလိုမျိုးတွေးမိခဲ့တဲ့အတွက် RM ကို အားနာပြီး တောင်းပန်ချင်ကြောင်း J-Hope က ဆိုခဲ့ပါတယ်။

J-Hope ရဲ့ စကားကိုကြားပြီးနောက် RM က သူ့အနေနဲ့ အဲဒီကိစ္စကို ဘယ်လိုမှစိတ်ထဲမထားကြောင်း၊ အဲဒီတုန်းက သူ့ကိုယ်သူလည်း မချင့်မရဲဖြစ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘာပဲပြောပြော BTS အဖွဲ့ဝင်တွေရဲ့ အဲဒီစကားဝိုင်လေးက ချစ်စရာကောင်းလွန်းခဲ့တာ တွေ့ရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ RM နဲ႔ ပတ္သက္ၿပီး J-Hope အားနာမိတဲ့ အခိုက္အတန္႔ေလးတစ္ခု

– – – BTS အဖြဲ႕ဝင္ေတြဟာ အျပန္အလွန္ ႐ိုး႐ိုးသားသား ဝန္ခံခဲ့ၾကတာျဖစ္ၿပီး…..

BTS အဖြဲ႕ဝင္ေတြဟာ ပြဲထြက္ကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္၊ စည္းစည္းလုံးလုံးနဲ႔ ရွိေနၾကတာပါ။

ဒါေပမဲ့ လူ႔သဘာဝအရ တစ္ခါတစ္ေလ တစ္ေယာက္နဲ႔တစ္ေယာက္ ပြတ္တိုက္မိတာေတြလည္း ရွိၾကပါတယ္။2020 BTS FESTA မွာ BTS အ ဖြဲ႕ဝင္ေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အားနာမိတာမ်ိဳးေတြ ၊ ျပန္ေတာင္းပန္ခ်င္တဲ့ အခိုက္အတန႔္ေတြ ရွိသလားလို႔ အေမးခံခဲ့ရပါတယ္။

အဲဒီမွာ BTS အဖြဲ႕ဝင္ေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ႐ိုး႐ိုးသားသား ဝန္ခံခဲ့ၾကပါတယ္။ J-Hope ကေတာ့ သူ႔အေနနဲ႔ အဖြဲ႕ေခါင္းေဆာင္ RM ကို အားနာၿပီး ေတာင္းပန္ခ်င္တဲ့ အခိုက္အတန႔္တစ္ခုရွိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဒါကေတာ့ တစ္ခါက ေလ့က်င့္ေရး အစီအစဥ္တစ္ခုမွာ RM ကို J-Hope က အားမလိုအားမရျဖစ္မိတာေလးပါ။ အဲဒီတုန္းက RM ရဲ႕ ပခုံးက နာေနတဲ့အတြက္ ျပင္းျပင္းထန္ထန္ မေလ့က်င့္ႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ J-Hope ဟာ RM ပခုံးနာေနတာကို လက္မခံႏိုင္ခဲ့ပါဘူး။

တကယ္တမ္း အဲဒီလိုနာၾကေၾကးဆိုရင္ ႏွစ္ေပါင္းမ်ားစြာ ပိုကလာတဲ့ သူကပဲ နာသင့္ေၾကာင္း ေတြးခဲ့မိတယ္လို႔ J-Hope က ဖြင့္ဟခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီတုန္းက အဲဒီလိုမ်ိဳးေတြးမိခဲ့တဲ့အတြက္ RM ကို အားနာၿပီး ေတာင္းပန္ခ်င္ေၾကာင္း J-Hope က ဆိုခဲ့ပါတယ္။

J-Hope ရဲ႕ စကားကိုၾကားၿပီးေနာက္ RM က သူ႔အေနနဲ႔ အဲဒီကိစၥကို ဘယ္လိုမွစိတ္ထဲမထားေၾကာင္း၊ အဲဒီတုန္းက သူ႔ကိုယ္သူလည္း မခ်င့္မရဲျဖစ္မိေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ဘာပဲေျပာေျပာ BTS အဖြဲ႕ဝင္ေတြရဲ႕ အဲဒီစကားဝိုင္ေလးက ခ်စ္စရာေကာင္းလြန္းခဲ့တာ ေတြ႕ရပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page