K pop

■ ဇာတ်လမ်းတွဲတွေမှာ IU ရဲ့ ငယ်ဘဝဇာတ်ကောင်ကို မူပိုင်စီးထားသူ

-UNICODE

– – – အဲဒီကောင်မလေးဟာ အရွယ်ရောက်လာတဲ့အချိန်မှာလည်း IU ရဲ့ ဆင်တူတယ်လို့……

လတ်တလော လူမှုကွန်ရက်မှာ IU ရဲ့ ကိုယ်ပွားလေးဆိုပြီး နာမည်ကြီးနေတဲ့ ကလေးသရုပ်ဆောင်တစ်ဦး ရှိပါတယ်။

သူမကတော့ တခြားမဟုတ်ဘဲ အသက် (၁၃) နှစ်အရွယ် ကလေးသရုပ်ဆောင် Kim Gyu Ri ပဲ ဖြစ်ပါတယ်။ IU ရဲ့ကိုယ်ပွားလေးလို့ ပြောရလောက်အောင် ခိုင်မာတဲ့အကြောင်းတစ်ခု ရှိပါတယ်။

ဒါကတော့ Kim Gyu Ri ဟာ ဇာတ်လမ်းတွဲနှစ်ခုမှာ IU ရဲ့ ငယ်ဘဝကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Kim Gyu Ri ဟာ အသက် (၁၀) ခန့်အရွယ်တုန်းက My Mister ဇာတ်လမ်းတွဲမှာ IU ရဲ့ ငယ်ဘဝအဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

အဲဒီနောက် Hotel Del Luna ဇာတ်လမ်းတွဲမှာလည်း Kim Gyu Ri ဟာ Jang Man Wol ကလေးဘဝအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ IU နဲ့ Kim Gyu Ri တို့ဟာ အသက် (၁၃) နှစ် ကွာခြားပေမဲ့ သူမတို့နှစ်ယောက်ဟာ ရုပ်ချင်းဆင်တယ်လို့ ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။

အထူးသဖြင့် IU ငယ်ငယ်တုန်းကပုံနဲ့ ယှဉ်ကြည့်လိုက်ရင် ပိုတူတာတွေ့ရမှာဖြစ်ပြီး သူမတို့နှစ်ယောက် ယှဉ်ထားတဲ့ပုံကိုကြည့်ပြီး ပရိသတ်တွေက အံ့အားသင့်နေကြပါတယ်။

ဒါကြောင့် IU ရဲ့ နောက်ဇာတ်လမ်းတွဲတွေမှာ ငယ်ဘဝသရုပ်ဆောင်နေရာအတွက် Kim Gyu Ri ကိုသာ ဆက်လက်မြင်တွေ့လိုတယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

-ZAWGYI

■ ဇာတ္လမ္းတြဲေတြမွာ IU ရဲ႕ ငယ္ဘ၀ဇာတ္ေကာင္ကို မူပိုင္စီးထားသူ

– – – အဲဒီေကာင္မေလးဟာ အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာလည္း IU ရဲ႕ ဆင္တူတယ္လို႔……

လတ္တေလာ လူမႈကြန္ရက္မွာ IU ရဲ႕ ကိုယ္ပြားေလးဆိုၿပီး နာမည္ႀကီးေနတဲ့ ကေလးသ႐ုပ္ေဆာင္တစ္ဦး ရွိပါတယ္။

သူမကေတာ့ တျခားမဟုတ္ဘဲ အသက္ (၁၃) ႏွစ္အ႐ြယ္ ကေလးသ႐ုပ္ေဆာင္ Kim Gyu Ri ပဲ ျဖစ္ပါတယ္။ IU ရဲ႕ကိုယ္ပြားေလးလို႔ ေျပာရေလာက္ေအာင္ ခိုင္မာတဲ့အေၾကာင္းတစ္ခု ရွိပါတယ္။

ဒါကေတာ့ Kim Gyu Ri ဟာ ဇာတ္လမ္းတြဲႏွစ္ခုမွာ IU ရဲ႕ ငယ္ဘဝကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ Kim Gyu Ri ဟာ အသက္ (၁၀) ခန႔္အ႐ြယ္တုန္းက My Mister ဇာတ္လမ္းတြဲမွာ IU ရဲ႕ ငယ္ဘဝအျဖစ္ ပထမဆုံးအႀကိမ္ သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။

အဲဒီေနာက္ Hotel Del Luna ဇာတ္လမ္းတြဲမွာလည္း Kim Gyu Ri ဟာ Jang Man Wol ကေလးဘဝအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာပါ။ IU နဲ႔ Kim Gyu Ri တို႔ဟာ အသက္ (၁၃) ႏွစ္ ကြာျခားေပမဲ့ သူမတို႔ႏွစ္ေယာက္ဟာ ႐ုပ္ခ်င္းဆင္တယ္လို႔ ပရိသတ္ေတြက ဆိုခဲ့ၾကပါတယ္။

အထူးသျဖင့္ IU ငယ္ငယ္တုန္းကပုံနဲ႔ ယွဥ္ၾကည့္လိုက္ရင္ ပိုတူတာေတြ႕ရမွာျဖစ္ၿပီး သူမတို႔ႏွစ္ေယာက္ ယွဥ္ထားတဲ့ပုံကိုၾကည့္ၿပီး ပရိသတ္ေတြက အံ့အားသင့္ေနၾကပါတယ္။

ဒါေၾကာင့္ IU ရဲ႕ ေနာက္ဇာတ္လမ္းတြဲေတြမွာ ငယ္ဘဝသ႐ုပ္ေဆာင္ေနရာအတြက္ Kim Gyu Ri ကိုသာ ဆက္လက္ျမင္ေတြ႕လိုတယ္လို႔လည္း ပရိသတ္ေတြက မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။

You cannot copy content of this page