K pop

■ Choreographer Bae Yoon Jung ရွေးချယ်တဲ့ အကောင်းဆုံး အမျိုးသမီး K-pop Dancer (4)ဦး

—- တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Choreographer Bae Yoon Jung က လက်ရှိအချိန် အကောင်းဆုံး အမျိုးသမီး K-pop Dancer (4)ဦးကို ရွေးချယ်ခဲ့ပါတယ်။

Choreographer Bae Yoon Jung ဟာ KBS’ television show ‘Problem Child in the House’ မှာ ပါဝင်ခဲ့ပြီး အဲ ဒီမှာ အကောင်းဆုံး အမျိုးသမီး K-pop Dancer (4)ဦးကို ရွေးချယ်ခဲ့တာပါ။

Choreographer Bae Yoon Jung က “ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျွန်မ အမြဲတမ်းမေးခံရပါတယ်။ ကျွန်မအနေနဲ့ ရွေးချယ်ဖို့ မလွယ်ပါဘူး။ ဒီဘက်ခေတ် K-pop Idol တွေဟာ အကပိုင်းနဲ့ပတ်သက်ပြီး အထူးကျွမ်းကျင်ကြပါတယ်။ တကယ့်ကိုပဲ Great Dancer တွေဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီအခါ Host တွေက “ သေချာတာကတော့ အခြားသူတွေထက်တော့ ပိုပြီး Talent ရှိတဲ့ သူတွေ တော့ရှိမှာပေါ့။ ငါတို့ကို ပြောနိုင်မလား။ သူတို့က ဘယ်သူတွေလဲ” လို့ Choreographer Bae Yoon Jung ကိုပြောခဲ့ပါတယ်။

Choreographer Bae Yoon Jung က “ ကျွန်မရဲ့ ရွေးချယ်မှုအရကတော့ IZ*ONE ရဲ့ Lee Chae Yeon ၊ CHUNG HA ၊ BLACKPINK ရဲ့ Lisa နဲ့ Red Velvet ရဲ့ Seulgi တို့ကို ရွေးချင်ပါတယ်။ သူတို့ (၄)ဦးကတော့ ကျွန်မရဲ့ထင်မြင်ချက်ပေါ့။ လက်ရှိ K-pop Idol တွေက အလွန်ထူးချွန်ကြလို့ဖြစ်ပါ တယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page