K pop

■ YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ AKMU

— YG Entertainment ဟာ ရုပ်ရည်ထက် အနုပညာအရည်အသွေးပြည့်ဝတဲ့ Artist တွေကို မွေး ထုတ်ပေးနိုင်တာ ပရိသတ်တွေအားလုံးသိပါတယ်။ YG က မွေးထုတ်ပေးတဲ့ Artist တွေထဲမှာ AKMU လည်းအပါအဝင်ပဲဖြစ်ပါတယ်။

ဇန်နဝါရီလ 26 ရက်နေ့က YG Entertainment ဟာ AKMU အဖွဲ့ မောင်နှစ်မနှစ်ဦးဖြစ်တဲ့ Chanhyuk နဲ့ Suhyun တို့ဟာ အေဂျင်စီနဲ့ (5)နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါ တယ်။

AKMU ဟာ 2014 ခုနှစ်က YG က စင်တင်တဲ့ အဖွဲ့ဖြစ်ပြီး Duo မောင်နှစ်မနှစ်ဦးဟာ Song-writing, Composing, Vocals နဲ့ Musicianship စတဲ့ ဘက်ပေါင်းစုံမှာ ထူးချွန်လွန်းလို့ ပရိသတ်တွေရဲ့အား ပေးမှုကို ရရှိခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့အပေါ် Chanhyuk က “ အရိုးသားဆုံးပြောရရင် YG Entertainment လို အနုပညာရှင်တွေအပေါ် ဦးစားပေးလွန်းတဲ့ အေဂျင်စီ ရှာဖို့ အလွန်ခက်ခဲပါတယ်။ ပြီးခဲ့တဲ့ 7 နှစ်အတွင်းမှာ အေဂျင်စီနဲ့ ဘာပြဿနာတစ်စုံတစ်ခုမှမရှိခဲ့ပါဘူး။ YG ဟာ ကျွန်တော် ရှာဖွေ သွားချင်တဲ့ လမ်းကြောင်းကိုပဲ အမြဲဂရုစိုက်ပြီး ထောက်ပံ့ပေးနေခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

Suhyun ကတော့ “ ကျွန်မတို့အနေနဲ့ ဂီတလောက ကျောခိုင်းသွားရင်တောင် YG ကနေ ထွက်ခွာဖို့ ဖြစ်နိုင်တော့မှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page