Celebrity

■ တစ်ရှိန်ထိုး နာမည်ကျော်ကြားလာမှုအပေါ် Kim Seon Ho ဘယ်လိုမြင်သလဲ

—- မင်းသား Kim Seon Ho က Start-Up ဒရာမာနဲ့ တစ်ရှိန်ထိုးနာမည်ကျော်ကြားလာပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိတဲ့ အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောပြခဲ့ပါတယ်။

မင်းသား Kim Seon Ho ဟာ မကြာသေးခင်က DAZED Korea ရဲ့ Cover မော်ဒယ်ဖြစ်ခဲ့သလို အင်တာဗျူးလည်းပြုလုပ်ခဲ့ပြီး အဲဒီမှာ ပြောကြားခဲ့တာပါ။

Kim Seon Ho က “ ကျွန်တော့်ရဲ့ တစ်ရှိန်ထိုးပျံ့နှံ့လာမှုနဲ့ပတ်သက်ပြီး တစ်ခါတစ်လေ ကျွန်တော် လည်းသိချင်မိပါတယ်။ ဒီလို ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့ ကျွန်တော် ထိုက်တန်ရဲ့လားပေါ့။

ဒီလို နာမည်ကျော်ကြားလာမှုကြောင့် ကျွန်တော့်ရဲ့ နေ့စဉ်ဘဝနေထိုင်မှုလည်း ပြောင်းလဲသွားခဲ့ပါ တယ်။ အစမှာတော့ အဲဒီပြောင်းလဲမှုနဲ့ ကျွန်တော် ဘယ်လိုမှ နေသားမကျပါဘူး။ ဒါပေမဲ့ အခုတော့ သဘာဝလိုပဲ ခံစားနေရပါပြီ။ ဒီလို ဘဝအပြောင်းအလဲအခိုက်အတန့်ကို ကျွန်တော် ဘယ်တော့မှ မေ့ နိုင်မှာလည်းမဟုတ်ပါဘူး။ တကယ့်ကိုပဲ လျှပ်တစ်ပြက်အတွင်း လက်ဆောင်မွန်ကြီးရလိုက်သလိုပါပဲ” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page