K pop

■ ၂၀၂၁ ခုနှစ်အတွက် အချစ်ရေးနဲ့ ပတ်သက်ပြီး Chungha ဗေဒင်သွားမေးသောအခါ

-UNICODE

– – Chungha ဟာ နှစ်သစ်မှာ အချစ်ရေးအတွက် ဗေဒင်ဖတ်ခဲ့ရာမှာတော့ ကံကောင်းမလားဆိုတာ….

နာမည်ကျော် K-pop အဆိုတော် Chungha ဟာ ၂၀၂၁ ခုနှစ်အတွက် သူမရဲ့အချစ်ကို ချပြခဲ့တာပဲ ဖြစ်ပါတယ်။

Chungha ဟာ တားရော့ဆရာမ Chaeyeon ဆီသွားပြီး နှစ်သစ်အတွက် သူမရဲ့ကံကြမ္မာကို သွားရောက်ဖတ်ကြည့်ခဲ့ပါတယ်။ Chungha ဟာ သူမရဲ့ဘဝနဲ့ ပတ်သက်တဲ့အကြောင်းအရာများစွာကို မေးခဲ့တာဖြစ်ပြီး အဲဒီအထဲမှာမှ အချစ်ရေးက ပရိသတ်တွေအားလုံး စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အချစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး တားရော့ဆရာမက မေးခဲ့ရာမှာတော့ Chungha က သူမအနေနဲ့ အချိန်ဇယားတွေနဲ့ အလုပ်ရှုပ်နေတဲ့အတွက် အချိန်မရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။ အဲဒီနောက် Chungha က ကံကြမ္မာဖတ်ဖို့ ကတ်ရွေးချယ်ရာမှာတော့ တုန်လှုပ်မိကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

“ဒီကတ်က မင်းအနေနဲ့ ဒိတ်ချင်လား၊ မဒိတ်ချင်ဘူးလားဆိုတာကို ပြသလိမ့်မယ်။ တစ်စုံတစ်ယောက်က မင်းရဲ့ နှလုံးသားကို လှုပ်ကိုင်နိုင်ရင် မင်း လုပ်နိုင်မှာပါ။ အဲဒီလူက မင်းရဲ့အလုပ်ကိုလည်း ကူညီပေးနိုင်လိမ့်မယ်”လို့ ဆရာမက ဟောခဲ့ပါတယ်။

အဲဒီပုဂ္ဂိုလ်ဟာ Chungha အကြောင်းအလွန်တွေးတောသူဖြစ်ကြောင်း၊ Chungha ကို အလွန်ချစ်သူဖြစ်မှာဖြစ်ကြောင်း Chaeyeon က ဆိုခဲ့ပါတယ်။ နောက်ဆုံးပိတ်အနေနဲ့ Chaeyeon က “မင်းကို Crush နေတဲ့သူကို မင်းသိလိမ့်မယ်။ တကယ်လို့ မင်းကသိနေရင်တောင် မသိသလိုဟန်ဆောင်နေတာက ပိုကောင်းလိမ့်မယ်”လို့ Chaeyeon က ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် Chungha က သူဟာ Byulharangs တွေရဲ့အချစ်တွေကို များစွာ ရရှိမှာဖြစ်ကြောင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ ၂၀၂၁ ခုႏွစ္အတြက္ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး Chungha ေဗဒင္သြားေမးေသာအခါ

– – Chungha ဟာ ႏွစ္သစ္မွာ အခ်စ္ေရးအတြက္ ေဗဒင္ဖတ္ခဲ့ရာမွာေတာ့ ကံေကာင္းမလားဆိုတာ….

နာမည္ေက်ာ္ K-pop အဆိုေတာ္ Chungha ဟာ ၂၀၂၁ ခုႏွစ္အတြက္ သူမရဲ႕အခ်စ္ကို ခ်ျပခဲ့တာပဲ ျဖစ္ပါတယ္။

Chungha ဟာ တားေရာ့ဆရာမ Chaeyeon ဆီသြားၿပီး ႏွစ္သစ္အတြက္ သူမရဲ႕ကံၾကမၼာကို သြားေရာက္ဖတ္ၾကည့္ခဲ့ပါတယ္။ Chungha ဟာ သူမရဲ႕ဘဝနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာမ်ားစြာကို ေမးခဲ့တာျဖစ္ၿပီး အဲဒီအထဲမွာမွ အခ်စ္ေရးက ပရိသတ္ေတြအားလုံး စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း အခ်စ္ေရးအေျခအေနနဲ႔ ပတ္သက္ၿပီး တားေရာ့ဆရာမက ေမးခဲ့ရာမွာေတာ့ Chungha က သူမအေနနဲ႔ အခ်ိန္ဇယားေတြနဲ႔ အလုပ္ရႈပ္ေနတဲ့အတြက္ အခ်ိန္မရွိခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။ အဲဒီေနာက္ Chungha က ကံၾကမၼာဖတ္ဖို႔ ကတ္ေ႐ြးခ်ယ္ရာမွာေတာ့ တုန္လႈပ္မိေၾကာင္းလည္း ဖြင့္ဟခဲ့ပါတယ္။

“ဒီကတ္က မင္းအေနနဲ႔ ဒိတ္ခ်င္လား၊ မဒိတ္ခ်င္ဘူးလားဆိုတာကို ျပသလိမ့္မယ္။ တစ္စုံတစ္ေယာက္က မင္းရဲ႕ ႏွလုံးသားကို လႈပ္ကိုင္ႏိုင္ရင္ မင္း လုပ္ႏိုင္မွာပါ။ အဲဒီလူက မင္းရဲ႕အလုပ္ကိုလည္း ကူညီေပးႏိုင္လိမ့္မယ္”လို႔ ဆရာမက ေဟာခဲ့ပါတယ္။

အဲဒီပုဂၢိဳလ္ဟာ Chungha အေၾကာင္းအလြန္ေတြးေတာသူျဖစ္ေၾကာင္း၊ Chungha ကို အလြန္ခ်စ္သူျဖစ္မွာျဖစ္ေၾကာင္း Chaeyeon က ဆိုခဲ့ပါတယ္။ ေနာက္ဆုံးပိတ္အေနနဲ႔ Chaeyeon က “မင္းကို Crush ေနတဲ့သူကို မင္းသိလိမ့္မယ္။ တကယ္လို႔ မင္းကသိေနရင္ေတာင္ မသိသလိုဟန္ေဆာင္ေနတာက ပိုေကာင္းလိမ့္မယ္”လို႔ Chaeyeon က ဖြင့္ဟခဲ့ပါတယ္။

အဲဒီေနာက္ Chungha က သူဟာ Byulharangs ေတြရဲ႕အခ်စ္ေတြကို မ်ားစြာ ရရွိမွာျဖစ္ေၾကာင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေျပာဆိုသြားခဲ့ပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page