K pop

■ အဆိုပိုင်းမှာ Jungkook ကို ဘယ်အရာက တိုးတက်စေခဲ့သလဲ

-UNICODE

– – – ဒီအရာက ရိုးရိုးလေး ဖြစ်ပေမဲ့ Jungkook ရဲ့အဆိုပိုင်းကို များစွာအထောက်အကူပြုခဲ့ပြီး….

Jungkook ဟာ အသက်ခပ်ငယ်ငယ်အရွယ်နဲ့ BTS အဖွဲ့နဲ့ ပွဲထွက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ Jungkook ဟာ အသက်ငယ်ပေမဲ့ အရည်အချင်းပိုင်းမှာ ထူးချွန်တာကြောင့် Golden Maknae ဆိုတဲ့နာမည်တစ်လုံးကိုလည်း ရယူထားနိုင်ခဲ့တာပါ။ BTS နဲ့ ပွဲထွက်ခါစအရွယ်မှာ ချစ်စဖွယ် ကလေးမျက်နှာ၊ အမိုက်စား Rap စကေးတွေကလည်း ပရိသတ်တွေကို ကြွေစေခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ Jungkook ဟာ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး အထူးသဖြင့် အဆိုပိုင်းမှာ အစစ၊ အရာရာ တိုးတက်လာခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ Jungkook ဟာ အရည်အချင်းရှိတဲ့ အဆိုတော်ဖြစ်လာဖို့ တိုးတက်စေခဲ့တဲ့အရာကို ဖွင့်ဟခဲ့ပါတယ်။

Mini Masterclass မှာ BTS အဖွဲ့ဟာ အဆိုပိုင်းနဲ့ ပတ်သက်တဲ့ အယူအဆတွေ၊ နည်းစနစ်တွေကို မျှဝေသွားခဲ့တာပါ။ အဲဒီမှာ အဖွဲ့ခေါင်းဆောင် RM က “ကျွန်တော့်အတွက်တော့ ဖြစ်နိုင်သမျှများများကြိုးစားပြီး အဲဒီအတွေ့အကြုံတွေဆီကနေ သင်ယူဖု့ိက အရေးကြီးဆုံးပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

အဲဒီနောက် Jungkook ကလည်း အဆိုပိုင်းနဲ့ ပတ်သက်ပြီး သူ့ကိုတိုးတက်စေတဲ့အရာကို ထုတ်ဖော်သွားခဲ့ပါတယ်။ “အချိန်တွေ ဘယ်လောက်ပဲ ကြာပါစေ နေ့စဉ် သီချင်းဆိုတာ၊ သီချင်းညဉ်းနေတာက ကျွန်တော့်ရဲ့ အဆိုစွမ်းရည်ကို တိုးတက်စေခဲ့ပါတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကာလာကိုလည်း ရှာတွေ့စေခဲ့တယ်”လို့ Jungkook က ဆိုခဲ့ပါတယ်။

Jungkook ကတော့ နေ့စဉ်နဲ့အမျှ ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး အဲဒီကြိုးစားမှုတွေကြောင့်ပဲ အခုလို ထိပ်တန်းအဆင့်ကို ရောက်လာတာလို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ အဆိုပိုင္းမွာ Jungkook ကို ဘယ္အရာက တုိးတက္ေစခဲ့သလဲ

– – – ဒီအရာက ႐ိုး႐ိုးေလး ျဖစ္ေပမဲ့ Jungkook ရဲ႕အဆိုပိုင္းကို မ်ားစြာအေထာက္အကူျပဳခဲ့ၿပီး….

Jungkook ဟာ အသက္ခပ္ငယ္ငယ္အ႐ြယ္နဲ႔ BTS အဖြဲ႕နဲ႔ ပြဲထြက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ Jungkook ဟာ အသက္ငယ္ေပမဲ့ အရည္အခ်င္းပိုင္းမွာ ထူးခြၽန္တာေၾကာင့္ Golden Maknae ဆိုတဲ့နာမည္တစ္လုံးကိုလည္း ရယူထားႏိုင္ခဲ့တာပါ။ BTS နဲ႔ ပြဲထြက္ခါစအ႐ြယ္မွာ ခ်စ္စဖြယ္ ကေလးမ်က္ႏွာ၊ အမိုက္စား Rap စေကးေတြကလည္း ပရိသတ္ေတြကို ေႂကြေစခဲ့ပါတယ္။

ေနာက္ပိုင္းႏွစ္ေတြမွာ Jungkook ဟာ တျဖည္းျဖည္း တိုးတက္လာခဲ့ၿပီး အထူးသျဖင့္ အဆိုပိုင္းမွာ အစစ၊ အရာရာ တိုးတက္လာခဲ့ပါတယ္။ အင္တာဗ်ဴးတစ္ခုမွာ Jungkook ဟာ အရည္အခ်င္းရွိတဲ့ အဆိုေတာ္ျဖစ္လာဖို႔ တိုးတက္ေစခဲ့တဲ့အရာကို ဖြင့္ဟခဲ့ပါတယ္။

Mini Masterclass မွာ BTS အဖြဲ႕ဟာ အဆိုပိုင္းနဲ႔ ပတ္သက္တဲ့ အယူအဆေတြ၊ နည္းစနစ္ေတြကို မွ်ေဝသြားခဲ့တာပါ။ အဲဒီမွာ အဖြဲ႕ေခါင္းေဆာင္ RM က “ကြၽန္ေတာ့္အတြက္ေတာ့ ျဖစ္ႏိုင္သမွ်မ်ားမ်ားႀကိဳးစားၿပီး အဲဒီအေတြ႕အႀကဳံေတြဆီကေန သင္ယူဖု႔ိက အေရးႀကီးဆုံးပါ”လို႔ ဖြင့္ဟခဲ့ပါတယ္။

အဲဒီေနာက္ Jungkook ကလည္း အဆိုပိုင္းနဲ႔ ပတ္သက္ၿပီး သူ႔ကိုတိုးတက္ေစတဲ့အရာကို ထုတ္ေဖာ္သြားခဲ့ပါတယ္။ “အခ်ိန္ေတြ ဘယ္ေလာက္ပဲ ၾကာပါေစ ေန႔စဥ္ သီခ်င္းဆိုတာ၊ သီခ်င္းညဥ္းေနတာက ကြၽန္ေတာ့္ရဲ႕ အဆိုစြမ္းရည္ကို တိုးတက္ေစခဲ့ပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ့္ရဲ႕ ကိုယ္ပိုင္ကာလာကိုလည္း ရွာေတြ႕ေစခဲ့တယ္”လို႔ Jungkook က ဆိုခဲ့ပါတယ္။

Jungkook ကေတာ့ ေန႔စဥ္နဲ႔အမွ် ႀကိဳးစားေနသူတစ္ေယာက္ျဖစ္ၿပီး အဲဒီႀကိဳးစားမႈေတြေၾကာင့္ပဲ အခုလို ထိပ္တန္းအဆင့္ကို ေရာက္လာတာလို႔ ဆိုရမွာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page