K pop

■ ဖခင်ကောင်းဖြစ်ချင်တယ်လို့ ဖွင့်ဟထားခဲ့တဲ့ K-Cele (၅) ဦး

– – -ဒီအမျိုးသား အနုပညာရှင်တွေဟာ ဖခင်ကောင်းဖြစ်လာဖို့ ဆန္ဒရှိနေကြပြီး…..

Jang Ki Yong

My Mister နဲ့ Search: WWW မင်းသား Jang Ki Yong ဟာ Yoo Hee Yeol’s Sketchbook အစီအစဉ်မှာ ပါဝင်တုန်းက သူ့ရဲ့အနာဂတ်အစီအစဉ်ကို ဖွင့်ဟသွားခဲ့ပါတယ်။ သူ့အနေနဲ့ဘဝကို အကောင်းဆုံးရှင်သန်းပြီး အနာဂတ်မှာ မင်းသားကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက် ဖြစ်လိုတယ်လို့ Jang Ki Yong က ဆိုခဲ့ပါတယ်။

Hyun Bin

မကြာခင်ကမှ Son Ye Jin နဲ့ တွဲနေပြီလို့ အတည်ပြုခဲ့တဲ့ Hyun Bin ကလည်း ဖခင်ကောင်းတစ်ယောက်ဖြစ်လိုနေတာပါ။ အင်တာဗျူးတစ်ခုမှာ Hyun Bin က “တစ်နေ့ကျရင် သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်။ ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်ချင်တယ်”လို့ ဖွင့်ဟခဲ့တာပါ။

V (BTS)

BTS အဖွဲ့ဝင် V ကလည်း Live တစ်ခုမှာ သူ့အနေနဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုခဲ့ပါတယ်။ “ကျွန်တော့် အဖေကို လူမျိုး ဖြစ်ချင်ပါတယ်။ အဖေက ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံတာဗျ။အနာဂတ်ကမှာ ကျွန်တော့်အဖေ့လို အဖေမျိုး ဖြစ်ချင်ပါတယ်”လို့ V က ဆိုခဲ့ပါတယ်။

Yoon Jong Hoon

Penthouse မင်းသား Yoon Jong Hoon ကလည်း ဖခင်ကောင်းဖြစ်ချင်နေသူတစ်ယောက်ပါ။ အိမ်မှာပဲနေပြီး ကလေးကို ဂရုတစိုက် စောင့်ကြည့်ချင်တယ်လို့ Yoon Jong Hoon က ဆိုခဲ့တာပါ။

Woo Do Hwan

The King နဲ့ အားလုံးကြွေခဲ့ရတဲ့ Woo Do Hwan ကလည်း သူ့အနေနဲ့ ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက် ဖြစ်လိုတယ်လို့ ထုတ်ဖော်ခဲ့ဖူးပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page