– – – ဂျပန်နိုင်ငံရဲ့ အထင်ကရ Music Chart မှာ အအောင်မြင်ဆုံး K-pop အဖွဲ့တွေဖြစ်ပြီး….
Recording Industry Association of Japan (RIAJ) ဆိုတာ ဂျပန်နိုင်ငံရဲ့ အထင်ကရ Music Chart တစ်ခုဖြစ်ပြီး ကိုရီးယားဆိုရင်တော့ Gaon လိုပုံစံမျိုးပါပဲ။
RIAJ ကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလက စတင်ပြီး category အသစ်အနေနဲ့ Strream အလိုက်ကြည့်ပြီးcertifications တွေပေးအပ်ချီးမြှင့်လေ့ ရှိပါတယ်။ Stream သန်း (၃၀) အတွက် Sliver, သန်း (၅၀) ဆိုရင် Gold, သန်း (၁၀၀) ဆိုရင် Platinum, သန်း (၅၀၀) ဆိုရင် Diamond စသဖြင့် ခွဲခြားပြီး ပေးအပ်လေ့ရှိပါတယ်။
အဲဒီ Ccertifications တွေကို ရရှိခဲ့တဲ့ K-pop အဖွဲ့ (၇) ဖွဲ့ပဲရှိပြီး အဲဒီ အဖွဲ့တွေကို ဖော်ပြပေးလိုက်ရပါတယ်။
MAMAMOO
MAMAMOO ရဲ့ နာမည်ကျော် Hip သီချင်းဟာ RIAJ မှာ Silver ကို ရရှိထားပါတယ်။
BIGBANG
၂၀၁၅ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ BIGBANG ရဲ့ နာမည်ကျော် BANG BANG BANG ဟာ RIAJ မှာ Silver ကို ရရှိခဲ့ပြီး Billboard Japan Hot 100 chart မှာ အဆင့် ၂ ရပ်တည်နိုင်ခဲ့ပါတယ်။
Kang Jiyoung
Kang Jiyoung ဟာ Suki na Hito ga Iru Koto နဲ့ platinum certified ကိုရရှိထားပါတယ်။
NiziU
JYP Entertainment ရဲ့ လက်အောက်ခံ ဂျပန်အဖွဲ့ NiziU ကတော့ RIAJ မှာ သီချင်း (၄) ပုဒ်နဲ့ certified တွေ ရရှိထားပါတယ်။ Baby I’m a Star, Step and a Step နဲ့ Boom Boom Boom တို့ဟာ Silver ရရှိထားပြီး Make You Happy ကတော့ platinum ရရှိထားပါတယ်။
BLACKPINK
BLACKPINK ရဲ့ Kill This Love, DDU-DU DDU-DU, How You Like That, BOOMBAYAH နဲ့ As If It’s Your Last တို့ဟာ RIJA မှာ silver certified တွေ အသီးသီး ရရှိထားပါတယ်။
BTS
BTS ကတော့ RIJA မှာ certified အများဆုံးရရှိတဲ့ K-pop အမျိုးသားအဖွဲ့လည်း ဖြစ်ပါတယ်။ Fake Love, Idol”, Your Eyes Tell, ON တို့ဟာ silver, Boy With Luv, Stay Gold, DNA နဲ့ Lights တို့ဟာ Gold, Dynamite ဟာ platinum တို့အသီးသီး ရရှိထားပါတယ်။
TWICE
ဂျပန်နိုင်ငံမှာ အကျော်ကြားဆုံး K-pop အဖွဲ့ဖြစ်တဲ့ TWICE ကလည်း RIAJ မှာ သီချင်း (၁၃) ပုဒ်အထိ certified ရရှိထားပါတယ်။ “TT” (Japanese ver.), Likey, More & More, Dance the Night Away, Heart Shaker, TT, Fanfare, Candy Pop ,“I Can’t Stop M တို့က silver, Feel Special, Fancy, Yes or Yes နဲ့ What Is Love တို့ဟာ gold တွေ အသီးသီး ရရှိထားပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *