K pop

■ Visual ဖြစ်လွန်းတယ်လို့ ချီးကျူးခံထားရတဲ့ ၂၀၀၄ ခုနှစ်ဖွား အမျိုးသမီး Idol (၄) ဦး

– – – ၂၀၀၄ ခုနှစ်မှာမှ မွေးဖွားပေမဲ့ သူတို့အားလုံးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လှသွေးကြွယ်နေကြပြီး…..

နောက်ပိုင်းနှစ် K-pop နယ်ပယ်မှာ Idol တွေဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ပွဲထွက်လာတာမျိုးတွေ ရှိကြပါတယ်။ အဲဒီအထဲမှာမှ Visual ဖြစ်လွန်းတယ်လို့ ချီးကျူးခံထားရတဲ့ ၂၀၀၄ ခုနှစ်ဖွား အမျိုးသမီး Idol တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Yoon (STAYC)

STAYC အဖွဲ့ရဲ့ Lead Vocalist ဖြစ်ပြီး ၂၀၀၄ ခုနှစ်၊ ဧပြီ (၁၄) ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အရပ်အမြင့် (၁၇၀) စင်တီမီတာအထိရှိပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သူမဟာ Visual ပိုင်းနဲ့ ပတ်သက်ရင် ချီးကျူးခံရသူတစ်ယောက်ပါပဲ။

Wonyoung (IZ*ONE)

၂၀၀၄ ခုနှစ်ဖွားတွေထဲမှာမှ Visual နဲ့ ပတ်သက်ပြီး နာမည်အကျော်ကြားဆုံးပါ။ အရပ်အမောင်းမြင့်မြင့်၊ ချစ်စရာပုံစံမျိုး ပိုင်ဆိုင်ထားတဲ့ Wonyoung ရဲ့အလှဟာ နန်းဆန်လွန်းတယ်လို့လည်း ချီးကျူးခံထားရပါတယ်။

Chaeyeon (Busters)

Chaeyeon ဟာ ၂၀၀၄ ခုနှစ်မှာ မွေးဖွားပေမဲ့ အဖွဲရဲ့ အသက်အငယ်ဆုံးတော့ မဟုတ်ပါဘူး။ သူမတို့အဖွဲ့ထဲမှာ ၂၀၀၅ ခုနှစ်ဖွားတွေ အများအပြားပါဝင်နေပြီး အသက်အငယ်ဆုံးအဖွဲ့ဝင်ကတော့ ၂၀၀၆ ခုနှစ်ဖွားပါ။ Chaeyeon ဟာ ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံနဲ့ Visual ဖြစ်လွန်းတယ်လို့ သတ်မှတ်ခံထားရပါတယ်။

Jihan (Weeekly)

Weeekly အဖွဲ့ရဲ့ Lead Dancer နဲ့ Lead Vocalist ဖြစ်သူ Jihan ကလည်း အရည်အချင်းရှိတဲ့အပြင် ထူးခြားတဲ့ Visual ကြောင့်လည်း ပရိသတ်တွေကြား ထင်ပေါ်သူပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page