K pop

■DOTS လို ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ စီးရီးမျိုးမှာပါဝင်ပြီးတာတောင် ဆောက်လုပ်ရေးဆိုက်မှာ အချိန်ပိုင်းဝင်လုပ်နေရဆဲ သရုပ်ဆောင်

– – – သူက တခြားမဟုတ်ဘဲ လက်ရှိအချိန်မှာတော့ ပရိသတ်ရင်ထဲ အပြည့်ရောက်နေပြီး အောင်မြင်နေပါပြီ။

Itaewon Class ဇာတ်လမ်းတွဲနဲ့ နာမည်ရလာတဲ့ မင်းသား Ahn Bo Hyun ကတော့ သူ့ရဲ့ခက်ခဲလှတဲ့ သရုပ်ဆောင်ဘဝအကြောင်းကို ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။

JTBC ရဲ့ Knowing Bros အစီအစဉ်မှာ ပါဝင်ခဲ့ရာမှာတော့ Ahn Bo Hyun က သူ့ရဲ့ သရုပ်ဆောင်ဘဝရက်စွဲတွေဟာ ခက်ခဲခဲ့ကြောင်း၊ သူ့အနေနဲ့ ဝမ်းရေးအတွက် အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့တာပါ။

ဒီမှာ စိတ်ဝင်စားစရာကောင်းခဲ့တာကတော့ Ahn Bo Hyun ဟာ DOTS လို နိုင်ငံတကာအထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲမျိုးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတာတောင်မှ ဆောက်လုပ်ရေးဆိုက်မှာ အချိန်ပိုင်းအဖြစ် ဝင်လုပ်နေရဆဲပါပဲ။

Ahn Bo Hyun ဟာ DOTS ဇာတ်လမ်းတွဲထဲမှာ တောာင်ကိုရီးယားရဲ့ အထူးတပ်ဖွဲ့ Alpha အဖွဲ့နေရာကနေ သရုပ်ဆောင်ခဲ့တာပါ။ သူ့ရဲ့သရုပ်ဆောင်ဘဝအစ နေ့စွဲတွေအကြောင်းကို Ahn Bo Hyun က အခုလိုပဲ ဖွင့်ဟသွားခဲ့ပါတယ်။

“သရုပ်ဆောင်အလုပ်ကို ဆက်လုပ်နိုင်ဖို့အတွက် ဝမ်းရေးအတွက် ဆောက်လုပ်ရေးဝင်လုပ်ခဲ့ရတယ်။ ကျွန်တော့် သရုပ်ဆောင်ဘ၀ အစနေ့စွဲတွေမှာ အချိန်ပိုင်း အလုပ်မျိုးစုံ လုပ်ခဲ့ရပါတယ်။ ဂတ်စ်ဆိုင်၊ စားသောက်ဆိုင်တွေမှာပေါ့။ Descendants of the Sun ဇာတ်လမ်းတွဲမှာ ပါဝင်ပြီးတာတောင် ကျွန်တော် ဆောက်လုပ်ရေးဆိုက်မှာ ဝင်လုပ်ခဲ့ရသေးတယ်။ ဘူဆန်မှာရှိတဲ့ ကျွန်တော့် သူငယ်ချင်းတွေကလည်း ကျွန်တော်က Song Joong Ki နဲ့ အဆင်တူတယ်လို့ တွေးနေတာပေါ့”
-Ahn Bo Hyun

Ahn Bo Hyun ဟာ လက်ရှိအချိန်မှာတော့ Itaewon Class ဇာတ်လမ်းတွဲနဲ့အတူ အောင်မြင်လာခဲ့ပြီး လူသိများလာခဲ့ပါပြီ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page