K pop
■ Comedian Lee Seung Yoon အားပေးတဲ့ နာမည်ကျော် K-pop အဖွဲ့ ဘာလဲ
-UNICODE
– – -Lee Seung Yoon အားပေးတဲ့ နာမည်ကျော် K-pop အဖွဲ့က တခြားမဟုတ်ဘဲ……
Comedian Lee Seung Yoon ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သူဟာ BTS ရဲ့ အမာခံပရိသတ် ARMY တစ်ယောက်ဆိုတာ သက်သေပြခဲ့ပါတယ်။
Lee Seung Yoon ဟာ BTS ရဲ့ Album သစ် BE နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို Instagram မှာ တင်ခဲ့ပြီး “နောက်ဆုံးတော့ ရောက်လာခဲ့ပြီ Life Goes On #BTS #BE ဆိုတဲ့ Caption ကိုလည်း ရေးသားခဲ့ပါတယ်။
Lee Seung Yoon ကို ကြည့်ရတာ တော်တော်လေး စိတ်လှုပ်ရှားနေတဲ့ပေါ်ပါပဲ။ ဆက်လက်ပြီး ARMY တစ်ယောက်က Lee Seung Yoon အနေနဲ့ Weverse မှာပါ ရှိနေတယ်လို့ ထင်မှတ်မိကြောင်း ပြောကြားခဲ့ပါတယ်။ “သူက Weverse မှာလည် ရှိနေမယ်လို့ ငါထင်တယ်”လို့ ARMY တစ်ယောက်က ပြောခဲ့တာပါ။
ဒီအခါ Lee Seung Yoon က Weverse မှာ သူ့အကောင့်နဲ့ ပို့စ်တင်ပြီး “ဟုတ်တာပေါ့။ ငါ ဒီမှာလေ..haha”ဆိုပြီး natural_man ဆိုတဲ့အကောင့်နဲ့ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေက သို့လော..သို့လော ဖြစ်နေသေးတဲ့အတွက် Lee Seung Yoon က “ဒါက ကျွန်တော့်အစစ်ပါ။ အားလုံးကို တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်”လို့ ထပ်ရေးခဲ့ပါတယ်။
ဒီထက်ပိုပြီး သေချာအောင်လို့ ပရိသတ်တစ်ယောက်က Lee Seung Yoon ရဲ့ Instagram မှာ natural_man က တကယ့် natural_man အစစ်လားလို့ သွားမေးခဲ့ရာမှာတော့ ဟုတ်မှန်ကြောင်း ဆိုခဲ့ပါတယ်။
အဲဒီနောက် ပရိသတ်တွေက Lee Seung Yoon ဟာ တကယ့် ARMY အစစ်ဖြစ်ကြောင်းဆိုခဲ့ပြီး ချစ်စရာကောင်းတယ်လို့လည်း မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page