K pop
■ Tzuyu လက်မှတ်ရေးထိုးထားတဲ့ အမှတ်တရပစ္စည်းတွေ ဖောက်ထွင်းခံလိုက်ရ
-UNICODE
– – -ဖောက်ထွင်းသူဟာ တန်ဖိုးကြီးပစ္စည်းတွေအစား Tzuyu လက်မှတ်ရေးထိုးထားတဲ့ ဓာတ်ပုံ၊ Album…
တလောတုန်းက TWICE အဖွဲ့ဝင် Tzuyu ရဲ့ ထိုင်ဝမ်မှာရှိတဲ့ မိသားစုနေအိမ်ဟာ ဖောက်ထွင်းခံလိုက်ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဖောက်ထွင်းသူဟာ တန်ဖိုးကြီးပစ္စည်းတွေအစား Tzuyu လက်မှတ်ရေးထိုးထားတဲ့ အမှတ်တရပစ္စည်းတွေကိုသာ ယူဆောင်သွားခဲ့တာပါ။ ဖောက်ထွင်းသူဟာ သူငယ်ချင်းမိသားစုရဲ့ အကြံပေးချက်အရ Tzuyu တို့ခန့်အပ်ထားတဲ့ အိမ်သန့်ရှင်းရေးပဲ ဖြစ်ပါတယ်။
အဲဒီ သန့်ရှင်းလေးဟာ Tzuyu တို့မိသားစုရဲ့ ယုံကြည်ချ်ကို အလွဲသုံးစားပြုလုပ်ပြီး Tzuyu လက်မှတ်ရေးထိုးထားတဲ့ ဓာတ်ပုံ၊ ပိုစတာ၊ ကုန်ပစ္စည်း၊ Album အစရှိတာတွေကို ခိုးယူခဲ့တာပါ။
Tuzyu တို့ မိသားစုက သတိထားမိပြီး Kaohsiung City Criminal University ကို သတင်းပို့တိုင်ကြားရာမှာတော့ ဓာတ်ပုံ (၆၂) ပုံ၊ Album (၁၁) ချပ်၊ TWICE Photobooks (၂) အုပ်တို့ကို သက်သေနဲ့တကွ သိမ်းဆည်းရမိခဲ့ပြီး အဲဒီအထဲက Album တစ်ချပ်ကိုတောင် ကန်ဒေါ်လာ ၁၀၇ နဲ့ ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။
ဖောက်ထွင်းသူဟာ အဲဒီပစ္စည်းတွေကို ပြန်လည်ရောင်းချပြီး အမြတ်ရှာလိုတာကြောင့် ခိုးမှုမြောက်လို့ ဖမ်းဆီးခဲ့တာပါ။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူဟာ အာမခံနဲ့ လွတ်လာခဲ့ပြီလို့ သိရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
အဲဒီ သန့်ရှင်းလေးဟာ Tzuyu တို့မိသားစုရဲ့ ယုံကြည်ခ်ျကို အလွဲသုံးစားပြုလုပ်ပြီး Tzuyu လက်မှတ်ရေးထိုးထားတဲ့ ဓာတ်ပုံ၊ ပိုစတာ၊ ကုန်ပစ္စည်း၊ Album အစရှိတာတွေကို ခိုးယူခဲ့တာပါ။
Ref: Koreaboo
You cannot copy content of this page