K pop

■ 2021 ခုနှစ်မှာ ပထမဆုံး All-Kill ရဲ့ K-pop သီချင်း

—- IU ရဲ့ သီချင်းအသစ် “Celebrity” ကိုကြည့်ပြီးကြပြီးလား။ “Celebrity” ကတော့ Daily နဲ့ Realtime Charts တွေမှာ ပွဲကြမ်းနေပြီဖြစ်ပါတယ်။

ဇန်နဝါရီလ 27 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ IU ရဲ့ သီချင်းသစ် “Celebrity” ဟာ All-Kill ရရှိခဲ့ပြီး 2021 ခုနှစ်မှာ ပထမဆုံး All-Kill ရဲ့ K-pop သီချင်းတစ်ပုဒ်လည်းဖြစ်လာခဲ့ပါပြီ။

ဇန်နဝါရီလ 28 ရက်နေ့ ကိုရီးယားစံတော်ချိန် 1:30 PM မှာ IU ရဲ့ Pre-Release Single “Celebrity” ဟာ Melon ရဲ့ Daily နဲ့ 24Hits Charts တို့မှာ #1 ၊ Genie ရဲ့ Daily နဲ့ Realtime Charts မှာ #1 ၊ Bugs ၊ VIBE Daily Chart တွေမှာ #1 ၊ FLO နဲ့ iChart တို့ရဲ့ Realtime Charts တွေမှာ #1 ရပ် တည်နိုင်ခဲ့ပြီး Certified All-Kill ရရှိခဲ့တာဖြစ်ပါတယ်။

IU ရဲ့ “Celebrity” အနေနဲ့ Perfect All-Kill (PAK) ရရှိဖို့ iChart Weekly Chart မှာ #1 ရပ်တည်ဖို့ပဲ လိုပြီး လက်ရှိအခြေအနေအရ IU ဟာ 2021 ခုနှစ်မှာ Perfect All-Kill (PAK) ရရှိမယ့် ပထမဆုံး K-pop Idol ဖြစ်လာဦးမှာဖြစ်ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page