K pop

■ YouTube Views (1)ဘီလီယံပြည့် (၄)ပုဒ်မြောက်သီချင်းကို BLACKPINK ပိုင်ဆိုင်တော့မှာလား

—- YouTube Queen တွေအတွက် BLINK တွေဟာ အမြဲတမ်း မိုင်တိုင်အသစ်တွေကို ဖန်တီးပေး နေ…

ဇန်နဝါရီလ 28 ရက်နေ့ ကိုရီးယားစံတော်ချိန် 5:12 AM မှာ BLACKPINK အဖွဲ့ရဲ့ “As If It’s Your Last” MV ဟာ YouTube Views သန်း 950 ပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။ BLACKPINK အဖွဲ့ရဲ့ “As If It’s Your Last” MV ဟာ 2017 ခုနှစ်၊ ဇွန်လ 22 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။

ဒါကြောင့် YouTube Views သန်း 950 ပြည့်ဖို့ (3)နှစ်၊ (7)လ နဲ့ (5)ရက်သာ ကြာမြင့်ခဲ့ပါတယ်။ “As If It’s Your Last” MV ဟာ YouTube Views သန်း 950 ပြည့်တဲ့ BLACKPINK အဖွဲ့ရဲ့ (4)ခုမြောက် MV တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ BLACKPINK အဖွဲ့ဟာ YouTube Views 1ဘီလီယံပြည့်တဲ့ MV အများဆုံးပိုင်ဆိုင် ထားတဲ့ K-pop Group အဖြစ်မှတ်တမ်းဝင်ထားပြီး “DDU-DU DDU-DU” ၊ “Kill This Love” နဲ့ “BOOMBAYAH” တို့ဖြစ်ပါတယ်။

“As If It’s Your Last” MV ဟာလည်း အခုအခါ YouTube Views သန်း 950 ပြည့်လာပြီဖြစ်တာ ကြောင့် မကြာတော့တဲ့အချိန်မှာ 1 ဘီလီယံပြည့်လာတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း BLACKPINK အဖွဲ့ဟာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေပြီး 31 ရက်နေ့မှာ ပထမဆုံး Online Concert ပြုလုပ်မှာဖြစ်သလို Rose’ ရဲ့ Solo ကိုလည်း BLINK တွေက စိတ်လှုပ်ရှားနေကြ ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page