K pop

■ Taeyeon ကို ရှော့ခ်ဖြစ်စေတဲ့ အချောဆုံး Male Cele (3) ဦး

—- Girls’ Generation အဖွဲ့ဝင် Taeyeon ကို မြင်တာနဲ့ ရှော့ခ်ဖြစ်စေတဲ့ အချောဆုံး Male Cele (၃)ဦးက ဘယ်သူတွေလို့ ထင်ပါသလဲ…

မကြာသေးခင်က Taeyeon ရဲ့ ပရိသတ်တွေမေးတဲ့မေးခွန်းတွေကို ပြန်ဖြေတဲ့ဗီဒီယိုဖိုင်ဟာ ပြန်လည် ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တစ်ဦးက Taeyeon ကို “ ဘယ် Male Cele တွေဟာ အချောဆုံး လို့ထင်သလဲ။ ပြောပြပါ” ဆိုပြီး မေးခဲ့တာ ဖြစ်ပါတယ်။

ဒီမေးခွန်းကို Taeyeon က ရယ်မောပြီး “ အိုကေ…SHINee အဖွဲ့ရဲ့ Minho ရယ် Gang Dong Won နှစ်ယောက်ကတော့ အသေချာဆုံးပါပဲ။ သူတို့တွေကို ကျွန်မ ပထမဆုံးတွေ့တဲ့အခါ ‘ဝိုး…သူတို့တွေ ဟာ အရမ်းကို ချောတာပဲ’ လို့ စိတ်ထဲက တွေးထင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်တော့ Taeyeon က သတိရတဲ့ဟန်နဲ့ ပရိသတ်တွေကို နောက်တစ်ဦးပြောခဲ့ပြန်ပါတယ်။ “ Lucas…NCT က Lucas…Lucas ဟာ တကယ့်ပါပဲ။ ပထမဆုံးအကြိမ် သူ့ကို ကျွန်မ မြင်တုန်းက ကျွန်မ ပါးစပ်တောင် အဟောင်းသားဖြစ်ခဲ့သလို ဝိုးဆိုပြီးတော့လည်း ရေရွတ်ခဲ့မိပါတယ်” လို့ ပြောခဲ့ ပါတယ်။

Taeyeon ရွေးချယ်ခဲ့တဲ့ Male Cele (၃)ဦးအနက် (၂)ဦးက သူမရဲ့ SM Entertainment ဂျူနီယာ (2)ဦးဖြစ်ပြီး (1)ဦးကတော့ နာမည်ကျော်မင်းသားချော Gang Dong Won ပဲဖြစ်ပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page