K pop

■ တစ်နာရီအတွင်း ပြောင်းသွားတဲ့ Baekhyun ရဲ့ မျက်နှာကို EXO-L တွေ အံ့အားသင့်ခဲ့ကြ

—- EXO-L တွေဟာ တစ်နာရီအတွင်း ပြောင်းသွားခဲ့တဲ့ Baekhyun ရဲ့ မျက်နှာအသွင်အပြင်ကို အံ့အားသင့်ခဲ့ကြပြီး…

အဆိုပါ Baekhyun ရဲ့မျက်နှာအမူအရာပြောင်းလဲမှုကို သာမန်ဆိုရင်တွေ့နိုင်ဖို့ဆိုတာမလွယ်ပါဘူး။ ဒါပေမဲ့ EXO-L မလေးတစ်ဦးကတော့ ရှာဖွေ့တွေ့ရှိခဲ့ပြီး ဓါတ်ပုံ နှစ်ပုံကို နှိုင်းယှဉ်ပြတဲ့အခါမှ ပရိသတ် တွေအားလုံးက အံ့အားသင့်ခဲ့ကြတာပါ။

ဓါတ်ပုံတွေထဲက Baekhyun ဟာ အင်တာဗျူးတစ်ခုပြုလုပ်နေတာဖြစ်ပါတယ်။ ဓါတ်ပုံ (၂)ပုံစလုံးဟာ တူညီတဲ့ Hair-Style ၊ Make-Up ၊ ဝတ်စုံတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပထမတစ်ပုံမှာ မျက်နှာက ဖောင်း နေပြီး တစ်ပုံကတော့ သွယ်နေတာဖြစ်ပါတယ်။ ပရိသတ်တွေက ဖောင်းနေတဲ့ပုံက အင်တာဗျူးအစ ပုံ ဖြစ်ပြီး တစ်ပုံကတော့ တစ်နာရီကြာတဲ့အခါ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Baekhyun ဟာ အရင်ကလည်း အိပ်ယာထပြီးမကြာခင် ဖောင်းနေတဲ့ သူ့ရဲ့မျက်နှာလေးကို EXO-L တွေကို ပြသဖူးတာကြောင့် L ရီးတွေက Baekhyun အနေနဲ့ အိပ်ယာထပြီးမကြာခင် အင်တာဗျူးသွား တာလို့လည်း ယူဆခဲ့ကြပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page