K pop

■ DAWN မရှိဘဲနဲ့ သူမရဲ့ဘဝကို စဉ်းစားလို့မရဘူးလို့ HyunA ဝန်ခံ

—- Cele စုံတွေအနက်ထဲမှာ ပရိသတ်တွေရဲ့ ချစ်ခြင်းကို အမြဲတမ်းရရှိတဲ့စုံတွဲတစ်တွဲကတော့ HynA နဲ့ DAWN တို့အတွဲဖြစ်ပါတယ်။ နှစ်ဦးသားဟာ လိုက်ဖက်ညီပြီး Sexy လည်းကျသလို ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်မှုတွေရှိကြတဲ့သူတွေလည်းဖြစ်ပါတယ်။

ဇန်နဝါရီလ 24 ရက်နေ့က ဖက်ရှင်မဂ္ဂဇင်း W Korea ဟာ HyunA နဲ့ ပြုလုပ်ထားတဲ့အင်တာဗျူးကို အွန်လိုင်းမှာတင်ခဲ့ပါတယ်။ W Korea ဟာ HyunA ကို မေးခွန်းတွေအမြောက်အများမေးခဲ့တဲ့အနက် မှ DAWN နဲ့ပတ်သက်ပြီးမေးခွန်းကို ပရိသတ်တွေက ပိုစိတ်ဝင်စားခဲ့ကြပါတယ်။

အင်တာဗျူးသူက “ ပြီးခဲ့တဲ့တစ်ခေါက် အင်တာဗျူးမှာ မင်းကိုမေးခဲ့တုန်းက DAWN ဟာ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကူညီပေးခဲ့တဲ့သူလို့ မင်းဖြေခဲ့တယ်နော်။ နောက်ပြီး DAWN ကလည်း မင်းနဲ့ တွေ့ပြီးမှ ကြင်နာတတ်လာတဲ့သူဖြစ်ကြောင်းက အရင်က သူဟာ အဲဒီလိုမဟုတ်ဘူးတဲ့။ မင်းအတွက် DAWN ကရော ဘယ်လိုမျိုးလဲ” လို့ HyunA ကို မေးခဲ့တာပါ။

HyunA က “ (ရယ်လျက်) ဟုတ်ပါတယ်။ အဲဒါအမှန်ပဲဖြစ်ပါတယ်။ သူ (DAWN) သိလို့ တော်သေး တာပေါ့။ ကျွန်မနဲ့တွေ့ပြီးမှ သူ တကယ့်ကို ပြောင်းလဲသွားခဲ့တာပါ။ DAWN ဟာ ကျွန်မအတွက်တော့ အရာရာပါပဲ။ ကျွန်မဘဝရဲ့ အကြီးဆုံး စိတ်ဓါတ်ခွန်အားလည်းဖြစ်ပါတယ်။ သူဟာ 24နာရီ 7 ရက် ကျွန်မအမြဲတမ်းရှိချင်တဲ့ အကောင်းဆုံးအဖော်ဖြစ်ပါတယ်။

နောက်ပြီး သူဟာ ကျွန်မကို ပိုပိုပြီးကောင်းမွန်အောင် တွန်းအားပေးတဲ့ Music ပြိုင်ဘက်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်မအတွက် လိုအပ်တဲ့ စွမ်းအင်တွေ၊ အားပေးမှုတွေကို နောက်ကွယ်က ပံ့ပိုး ပေးနေတာပါ။ သူ့နေရာမှာ ဘယ်သူကိုမှလည်း အစားထိုးလို့မရနိုင်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် သူမရှိတဲ့ ဘဝကို ကျွန်မ မစဉ်းစားနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page